7

454 32 4
                                    

'' မမ ဘယ်တွေသွားနေတာလဲ စောင့်နေတ-''

'' အဲ့တာငါမင်းကိုမေးရမှာမဟုတ်ဘူးလား ကောင်းသံလွင် ''

'' ငါကဗေဒင်သွားမေးတာ ''

'' မိန်းကလေးလားး ''

'' ဗျာ ''

'' ဘာမှမဟုတ်တော့ဘူး...သွားနားတော့မယ်
မနက်ကျရင်ဒါတွေမြန်မာကိုပို့ဖို့လိုက်ခဲ့ဉီး ''

'' ဘာတွေလဲအဲ့တာ ''

'' ပစ္စည်းတွေလေ ''

'' ဟ မမ နင်ငါ့ကိုလာနောက်မနေနဲ့...
ပစ္စည်းတော့သိတာပေါ့ ဘာလုပ်ဖို့လဲလို့ ''

'' မြန်မာကိုပို့ဖို့ပါဆို...နင့်အမိနဲ့အဖကိုပေးဖို့​ပေါ့ဟ ''

'' မမ နင်တခုခုဖြစ်လာတာလား ''

'' ဟင် ဟမ် ငါကဘာဖြစ်ရမှာလဲ....
ဘာဖြစ်လို့လဲ... ''

'' မသိဘူးလေ မျက်နှာကြီးကလဲနီပြီး ဒေါသလဲထွက်နေပုံ -''

'' ဘာမှမဖစ်ပါဘူးဆို... နွဲ့နွဲ့ရေ.. ဒီအထုတ်တွေကိုစတိုခန်းထဲထည့်ထားလိုက် ''

'' ဟင် ဘာလို့... အခုမှဝယ်လာတာလေ...
ဘာလို့စတိုခန်းလေ ''

'' မင်းတို့အတွက်ဝယ်လာတာလက်ဆောင်တွေလေ....
အခုပင်ပန်းနေလို့မနက်ကျမှဘဲယူတော့... Suprise ဖြစ်အောင်မနက်မှပြမလို့လေ..''

'' အော်..အဲ့လို ''

'' ကြောင်တောင်တောင်နဲ့ ''

ဆိုပြီးပြောကာလှည့်ထွက်သွားတဲ့အစ်မဖြစ်သူကောင်းသံလွင်နည်းနည်းလေးမှမသက်ာပါ။

ဒါပေမဲ့လဲအနောက်တွင်ခေါင်းလေးတကုတ်ကုတ်ဖြစ်ကျန်ခဲ့တာ
ကောင်းသံလွင်ပင်။

'' သူကြောင်နေတာပါ...ငါကမကြောင်ပါဘူး.. ''
_
_
_

''ကောင်းသံလွင် မင်းမမ မနိုးသေးဘူးလား
မနေ့ကလဲအိမ်ပြန်တာနောက်ကျတာနဲ့..ငါ့မြေးမလေးကိုတောင်မတွေ့ရသေးပါလားး ''

ဖွားဖွားကထမင်းစားခန်းထဲဝင်လာရင်း Breakfast စားနေတဲ့ကောင်းသံလွင်ကိုတတွတ်တွတ်ပြောလိုက်သည်။

''ဖွားတို့ကလည်းနော် နိုးတာနဲ့သူ့မြေးမဘဲ..
ဟိုကဖြစ်ထတောင်မထသေးး ''

Love At Amsterdam Where stories live. Discover now