5

543 22 7
                                    

ဒီနေ့တော့ယူရီယာတယောက်မနက်စောစောထကာ ဖွားဖွားနဲ့လမ်းလျှောက်ထွက်ဖို့လုပ်ထားသည်။ ကောင်းသံလွင်ကတော့အိပ်ကောင်းတုန်း... ဒါကြောင့်ဖွားဖွားနဲ့ယူရီယာနှစ်ယောက်ထဲသာ
သွားဖို့လုပ်ထားသည်။

'' ဒေါက် ဒေါက် ဒေါက်
မြေးရေ ရီယာ ဖွားဖွားအဆင်သင့်ဖြစ်နေပြီ..
မြေးပြီးသွားရင်ဆင်းခဲ့နော် မြေးလေး ''

''ဟုတ် ဖွားဖွား မြိုင်လဲပြီးနေပါပြီ ''

မြိုင်လဲအခန်းတွင်းမှရေလှိုင်းသဏ္ဍန်ဆံနွယ်တို့ကိုဖီးသပ်နေရင်း
ပြန်အော်ပြောလိုက်သည်။

''အေးးအေးး အဲ့တာဆိုဖွားဖွားအောက်ကစောင့်နေမယ်နော်
ယူရီယာ ''

''ဟုတ် ဟုတ် ''

​ပြောပြီးဖွားဖွားကဆင်းသွားတော့ယူရီယာလဲလုပ်လက်စအလုပ်ကို
မြန်မြန်လုပ်ကာအောက်ထပ်သို့ဆင်းလာတော့သည်။

ရောက်တာနဲ့ဖွားဖွားကြီးကသိုးမွေးထိုးနေတာမြင်ရသည်။

ဖွားဖွားကအဲ့လိုဘဲ အချိန်၁မိနစ်လေးရရင်တောင်သိုးမွေးထိုးနေတတ်သည်။ ကောင်းသံလွင် Game ဆော့သလိုပေါ့။

''ဖွားဖွားရေ မြိုင်ပြီးပြီ သွားရအောင် ''

'' အေအေ...လာ မြေးလေ
နွှဲ့နွှဲ့ ငါအပြင်သွားဦးမယ် ကောင်းကောင်းနိုးရင် Breakfast
သေချာ သူစားချင်တာလေးတွေလုပ်ပေးလိုက်နော်..
ပြောသာ ပြောတာပါ အဲ့ကောင်လေးနိုးဦးမှာလဲမဟုတ်ပါဘူး ''

''ဟုတ်ကဲ့ပါ မေမေကြီး နွှဲ့နွှဲ့သေသေချာချာလုပ်ပေးလိုက်ပါ့မယ် ''

''အေအေ သွားမယ် မြေးလေး ရီယာ ''

ယူရီယာနဲ့ဖွားဖွားခြံထဲသို့ဆင်းလာတော့
Driver ဦးလေးကြီး Mendril ကမြိုင်တို့နားရောက်လာပြီး

''ဘယ်သွားမလို့လဲ မေမေကြီး ''

ဆိုပြီးမပီသောမြန်မာအသံဖြစ်ပြောလေသည်။

ဉီးလေး Mendril က Amsterdamကလူတယောက်ဖြစ်ပြီး
ဖွားဖွားတို့နဲ့​နေတာကြာပြီးဖြစ်၍မြန်မာစကားတောင်​ပြောတတ်နေပြီဖြစ်သည်။

အခုလဲဖွားဖွားတနေရာသွားမယ်ထင်ပြီးလိုက်ပို့မလို့ကားပေါ်တောင်ရောက်နေလေပြီ...

Love At Amsterdam Where stories live. Discover now