2

601 27 1
                                    

' မြိုင်ကလည်းလုပ်ပါဟာ... ''

'' မြိုင်မသွားချင်ဘူး ''

'' နင်ကလဲ နင် Amsterdam သွားခိုင်းနီးမို့
သူငယ်ချင်းတွေပျော်ပျော်ပါးပါးသွားတာလေဟာ.. ''

'' နင်တို့သွားမဲ့နေရာကိုလဲကြည့်ဉီးလေ ''

'' Club လေ ''

'' အင်းး အဲ့တာကြောင့်မြိုင်မသွားချင်တာစုပြည့် ''

'' မြိုင်ငါပြောပြမယ်.. ငါတို့အခုသွားမယ့် Club ဆိုတာလေ
ပညာရှိအသိုင်းအဝိုင်းကသားသမီးတွေ, လုံးဝ Business Man ကြီးတွေဘဲလာတာ ဟိုလိုဆိုးသွမ်းနေတာမဟုတ်ဘူး
လာပါဟာ နော် ပြီးတော့ငါတို့မိန်းကလေးနှစ်ယောက်ထဲလဲမဟုတ်ဘူး ယံသာခန့်ကလဲနင်ပါရင်လိုက်မယ်လို့ပြောတာဘဲကို လုပ်ပါ မြိုင်ရာ ''

အစွယ်ကောင်းတဲ့သူငယ်ချင်းမလေးကြောင့်သံစဉ်မြိုင်တယောက်လမ်းတွေပျောက်နေရသည်။ သူငယ်ချင်းများများစားစားမရှိတဲ့သူမသည် အနေအေးးပြီးထိုကဲ့သို့သောနေရာတွေနှင့်သိပ်မအပ်စပ်ပေ။ သူမAmsterdam သွားရတော့မည်ဖြစ်ကြောင်းတဉီးတည့်ရှိသည့်သူငယ်ချင်းမှလေးစုပြည့်က်ုပြောပြရမှထိုအကဲမလေးဟာ သူမတို့ Night out ထွက်ကြဖို့
စတင်စည်းရုံးလေတော့သည်။

'' ​မြိုင်..ဘာလုပ်မှာလဲ..လုပ်ဟာ ငါငိုတော့မယ် ''

'' ​မြိုင်ကဘာလုပ်ရမှာလဲ ''

'' မြိုင်ကဘာမှမလုပ်နဲ့..လိုက်ဘဲလိုက်ခဲ့ပါနော်.. ''

'' အင်းးဟာ အာ့ဆိုလဲ -''

'' ရေးးးးးးး ''

ဆိုတဲ့အသံနဲ့အတူမြိုင့်ကိုတင်းကျပ်စွာလာဖတ်တဲ့သူငယ်ချင်းမကြောင့်မြိုင်ပြုံးလိုက်မိသည်။ စုပြည့်သည် Broken Family မှလာတာဖြစ်ပြီး သူမကိုသူမ Suicide လုပ်ဖို့အ​ကြိမ်ကြိမ်ကြိုးစားဖူးသူတဉီးဖြစ်သည်။ မြိုင်မဲ့မတွေ့ခင်ကပေါ့။
ဒါကြောင့်ဒီကောင်မလေးပျော်အောင်လုပ်ဖို့ကမြိုင်အတွက်တာဝန်တခုလိုဖြစ်နေသည်။ မြိုင်အတွက်ဆိုစု​​ပြည့်ကအမြဲအဆင်သင့်ရှိနေပေးတတ်သည်။ ရုပ်ကလေးကအမြဲတည်တင်းနေတတ်ပေမဲ့ မြိုင်အနားမှာဆိုအမြဲချွဲနေတတ်သေးသည်။ သူများတွေက စုပြည့်ကချေမွန်လွန်းတယ်လို့ပြောကြတယ် သူတို့မှစုပြည့်ရဲ့ Soft side ကိုမမြင်ဖူးကြတာကို ဟွန့်!

Love At Amsterdam Where stories live. Discover now