ဒီလိုနဲ့သူ Amsterdam သွားမဲ့နေ့ကိုရောက်လာပြီလေ။
သူမကိုလုံးဝမတွေ့ရဘဲနဲ့ပေါ့...
ပြီးတော့ဟိုရောက်ရင်လဲကျောင်းကချက်ချင်းတတ်ရသေးမှာမဟုတ် သူရန်ဖြစ်လို့သာဒယ်ဒီကစိတ်ဆိုပြီးပို့လိုက်ခြင်းသာ
ဖြစ်သည်။နောက်ဆုံးတခေါက်လေးတောင်တွေ့ခွင့်မရှိတော့ဘူးလားကွာ
ခင်ဗျားတို့ထင်နေကြမှာ..
ကျတော်သူမကိုဒီလိုတမ်းတနေတာချစ်လို့ကြိုက်လို့ထင်နေမှာပေါ့ နိုးနိုး ကျတော်လုံးဝမကြိုက်ပါဘူး ဒီတိုင်းအဆန်းလေးမို့
စိတ်ဝင်စားတာလေ (ဟဲ့ တူတူဘဲ မဟုတ်ဘူးလား ဒီဘဲ😐)ဒီလိုနဲ့ကျတော်လေဆိပ်ရောက်လာပါပြီ။
တုံ့ဆိုင်းတဲ့ခြေလှမ်းတွေနဲ့...
မာမီကတော့သူ့သားကိုလွမ်းတာအခုကထဲက...
မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေလေသည်။သူမနေနိုင်စွာ..
'' မာမီကလည်းဗျာ ကျတော်ခရီးလမ်းမဖြောင့်အောင်မလုပ်နဲ့ဗျာ ကျတော်မသွားတောင်မသွားချင်တော့ဘူး ဒယ်ဒီ့ကို -''
'' မာမီကသားလေးကိုလွမ်းလို့ပါ ဒယ်ဒီနဲ့တော့ပြဿနာ
မတတ်စေချင်ဘူး '''' ဟုတ်ပါပီဗျာ ဝမ်းမနည်းပါနဲ့
ကျောင်းပိတ်ရင်ပိတ်သလို လာခဲ့မယ် ဟုတ်ပြီလား '''' အင်းးအင်းးး ဟုတ်ပါပီ သားရယ် ''
'' ဒယ်ဒီကော လာနေပြီတဲ့ ရုံးကတန်းလာတာမို့
ကားလမ်းနည်းနည်းပိတ်နေတာတဲ့ လေယာဉ်ချိန်ကလဲလိုသေးတယ်မလား သား '''' အင်းး လိုသေးတယ် မာမီ ''
'' Coffee သောက်ချင်လိုက်တာနော်...သား ''
'' ဟိုဘက်မှာရှိတယ် မာမီ ကျတော်သွားဝယ်လိုက်မယ် ''
'' မာမီ..ဒီနားမှာဘဲစောင့်နေမယ်နော် ''
'' ဟုတ် ''
...................................................................."Americano တခွက် နဲ့ Cheese Cake နှစ်ခု ပေးပါ "
"ဟုတ်ကဲ့ ခနလောက်စောင့်ပေးပါ။ "
သူလဲခေါင်းငြိမ့်ပြလိုက်ပြီးနီးစပ်ရာဝိုင်းတဝိုင်း၌ဝင်ထိုင်လိုက်သည်။
'' ရပါပြီဗျ''
Waiter လေးကလာပြီးသူထိုင်နေရာမှာကော်ဖီခွက်လေးနဲ့
အိတ်သေးသေးလေးတစ်ခုချပေးကာအနားကထွက်သွားသည်။
YOU ARE READING
Love At Amsterdam
Romanceမင်းရဲ့ဆံချည်တမျှင်ကအစမောင်ပိုင်တာယူရီယာ... သက်တံ့နောင် X သံစဉ်မြိုင် Rainbow X Yuria Both Zawgyi and Unicode💫