💋သခင့်အနမ်းရိုင်း💋

947 29 0
                                    

💋သခင့်အနမ်းရိုင်း💋

                     💋Episode{10}💋

"ဟုတ်ကဲ့ ဦးလေးကြီး"

အပြင်ပန်းကသာဦးလေးကြီး ဦးလေးကြီးနဲ့ခေါနေတာ။ဦးသွေး
ရိပ်မိသွားမှာကိုကြောက်နေမိသည်။အခုစာကြည့်ခန်းထဲလိုက်
ခဲ့တဲ့ ။ဘာများပြောဦးမလို့လဲ မသိဘူး။ဟင့်အင်း ယိမ်းထင်
နေသလိုမျိုးမဟုတ်ပ့ါစေနဲ့။အရှင်ဘုရား ဦးသွေးယိမ်းအတိတ်
မေ့ချင်ယောင်ဆောင်နေတာကိုမသိပါစေနဲ့။ရင်တလှပ်လှပ်
ဖြင့်ဦးသွေးအနောက်ကနေလိုက်လာခဲ့သည်။စာကြည့်ခန်း
အဝရောက်တော့အထဲဝင်ဖို့ယိမ်းခြေလှမ်းတွေတွန့်ဆုတ်
နေ၏။ငါဝင်သွားရင်ကောင်းမလား မဝင်သွားရင်ကောင်းမလား။
သွေးစက်သူမကိုကြည့်တော့အခန်းအဝမှာရပ်ပြီးဘာတွေစဉ်း
စားနေမှန်းမသိ။သူအခုလိုစာကြည့်ခန်းကိုခေါလာရခြင်းက
သူမမှာမေးစရာမေးခွန်းများရှိနေတဲ့အပုံပေါက်နေတော့ လွတ်
လွတ်လပ်လပ်မေးပါစေဆိုပြီးခေါလာခဲ့ခြင်းဖြစ်သည်။

"ဝင်လာခဲ့ မင်းကိုငါမကိုက်စားပါဘူး"

"ဟုတ်ကဲ့ ဦးလေးကြီး"

ယိမ်းစာကြည့်ခန်းထဲဝင်သွားတော့ဦးသွေးအခန်းတံခါးကိုလော့
ချလိုက်သည်။ပြီးတော့ယိမ်းဆီတစ်လှမ်းချင်းလျှောက်လာပြီး

"မင်းငါ့ကိုမေးစရာရှိနေတာလား နွဲ့ယိမ်းအိမ်"

ဟင် ငါမေးမှာကိုဦးသွေးသိနေတာလား။မဖြစ်ဘူး အတိတ်မေ့
ချင်ယောင်ဆောင်ပြီးငါ့မိဘအကြောင်းမေးမှ ဒါမှဦးသွေးမရိပ်မိမှာ ဟုတ်တယ် ငါအဲ့လိုလုပ်ရမယ်။

"ဟုတ် ဦးလေးကြီးကိုမေးစရာရှိတယ်။ဦးလေးကြီးယိမ်းမေးတာ
အမှန်တိုင်းဖြေပေးမှာလား"

"အင်း ငါအမှန်တိုင်းဖြေမယ်။မင်းမေးစရာရှိတာမေး"

"ဟုတ် ဒါဆိုယိမ်းမိဘတွေဘယ်မှာလဲ ဦးလေးကြီး"

"ဘာ………"

သွေးစက်ကြိုတွေးထားပြီးသားပါ နွဲ့ယိမ်းအိမ်တစ်နေ့နေ့တစ်
ချိန်ချိန်မှာသူမမိဘတွေအကြောင်းမေးမယ်လို့။ဒါပေမဲ့မထင်
မှတ်ပဲဒီလိုအချိန်မှာမေးမယ်လို့မထင်ခဲ့။အခုတော့သူဘာလုပ်
ရမလဲ။သူမကိုအမှန်အတိုင်းပြောပြလိုက်ရမလား။ဒါမှမဟုတ်
သူထပ်ပြီးလိမ်ညာလိုက်ရမလား။

💋သခင့်အနမ်းရိုင်း💋(C O M P L E T E D)Where stories live. Discover now