💋သခင့်အနမ်းရိုင်း💋
💋Episode{7}💋
"ဒီလို မှ ပေါ့......ခိခိ........."
နှစ်ယောက်သားထမင်းဝိုင်းကစကားပြောလိုက်စလိုက်နောက်လိုက် ရန်ဖြစ်လိုက်နဲ့ဖြစ်နေသည်ကိုနံဘေးမှာရှိသည့်ကြီးနု
တောင်အားကျပြီးသားစက်နဲ့ယိမ်းလေးအခူလိုမျိုးပျော်ပျော်
ရွင်ရွင်နဲ့နေ နေတာကိုမြင်ရတာကြီးနုဝမ်းသာပါတယ်။နောက်
နောင်လည်းအခုလိုမျိုးပဲပျော်ရွင်စွာနေသွားကြပါ သားစက်နဲ့
ယိမ်းလေး။"သားစက် ထည့်စားလေ သားစက်ကြိုက်တဲ့ငါးဆုပ်ဆီပြန်ဟင်း
လေးကြီးနုချက်ထားတာ...ယိမ်းလေးလည်းထည့်စားလေ""ဟုတ်ကဲ့ ကြီးနု"
"ဟုတ်ကဲ့ ကြီးကြီး"
မြိန်ရေရှက်ရေဖြင့်ထမင်းစားနေသည့်ယိမ်းလေးကိုကြည့်ပြီး
သွေးစက်ရင်ထဲအချစ်လေညင်းတိုက်ခတ်သလိုဖြစ်ကာ"မင်းဘယ်လိုတွေစားနေတာလဲ...မင်းကိုယ်မင်းကြည့်ဦး နှုတ်
ခမ်းမှာထမင်းလုံးတွေပေနေတာပဲ...မိန်းကလေးဖြစ်ပြီးအိနြေ္ဒ
ရရနဲ့မစားတတ်ဘူးလား"ဦးလေးကြီးစကားကြောင့်ယိမ်းကိုယ်ယိမ်းကြည့်လိုက်လေ
သည်။ဟွန့် ထမင်းလုံးလေးပေတာကိုများတော်တော်ကိုပစိ
ပါးစပ်နိုင်တာပဲ။"မင်းကိုယ်မင်းကြည့်နေတာပြီးဦးမှာလား ယိမ်း"
"ပြီးပါပြီ ဦးလေးကြီးရယ်။ထမင်းလုံးလေးပေတာကိုများ ဟော
ဒီလိုလေးလက်သုတ်ပုဝါလေးနဲ့သုတ်လိုက်ရင်ရတာပဲကို"ပြောရင်းနှုတ်ခမ်းမှာပေနေသည့်ထမင်းလုံးလေးတွေကိုလက်သုတ်ပုဝါဖြင့်သုတ်ပစ်လိုက်သည်။သူမလှုပ်ရှားမှုကိုမျက်တောင်
မခတ်စိုက်ကြည့်နေသူက သွေးစက်။"ဦးလေးကြီးထမင်းကုန်အောင်စားလေ"
"ဟုတ်ကဲ့ပါဗျာ ကျွန်တော်မျိုးထမင်းကုန်အောင်စားပါ့မယ်ဗျာ"
"ခိခိ စားစေသတည်း"
သူမပျော်ရွင်နေတာကိုကြည့်ပြီးသူဝမ်းသာမိပါသည်။အရင်က
ဆိုသူမမျက်နှာထက်မှာပျော်ရွင်မှုကိုမတွေ့ရ ။ဒါဟာသူ့ကြောင့်
ဆိုသည့်မမှား သူမကိုရက်ရက်စက်စက်အ့ပြစ်ပေးခဲ့တာတွေကို
ပြန်စဉ်းစားမိလိုက်ရင်ကိုယ့်ကိုကိုယ်ရွံ့ရှာစက်ဆုပ်မိလာသည်။
အတိတ်ကိုပြန်သတိမရလည်းနေပေါတော့ အခုလိုလေးအခြေ
အနေမှာပဲသူမကိုသူပျော်ရွင်အောင်လုပ်ပေးနိုင်သည်မဟုတ်
လား။
ŞİMDİ OKUDUĞUN
💋သခင့်အနမ်းရိုင်း💋(C O M P L E T E D)
RomantizmNormal Fictionဖြစ်ပါတယ်နော်၊လောင်တာဖြစ်လို့အလောင်ခံနိုင်မှ ဖတ်ပါလို့အကြံပြုပါရစေဗျာ။