💋သခင့်အနမ်းရိုင်း💋
💋Episode{12}💋
"ကြီးနုမေးမယ်နော် ဘာလို့ကြီးနုကိုမပြောတာလည်း
သမီးလေးယိမ်း""ယိမ်းကြီးနုကိုအမှန်တိုင်းပြောပြပါ့မယ်။ကြီးနု ယိမ်းလေ
ဦးသွေးကိုရောအားလုံးကိုရောညာမိတာမှန်ပါတယ်။ယိမ်း
ဦးသွေးကိုသနားလို့ညာမိတာပါ။ယိမ်းဘဝတခုလုံး ဦးသွေးလုပ်ချင်ရာလုပ်ပါစေ။ ယိမ်းညိမ်ခံနေပါ့မယ်။ ဒါပေမယ့်ဦးသွေးကို
နောက်ထက် ဝမ်းမနည်းစေချင်လို့။ ဦးသွေးပျော်နေတာကို
ယိမ်းမြင်လိုက်ရထဲက အရမ်းပျော်လို့အခုလိုဆက်ညာမိတာပါ။ဦးသွေးရဲ့ဂရုစိုက်မှုကိုယိမ်းလေ အရမ်းလိုချင်မိတယ် ကြီးကြီးနုရယ် ဟင့်ဟင့်"ယိမ်း ကြီးနုကိုဖက်ပြီးငိုနေမိသည်။ကျလာသည့်မျက်ရည်များ
ကိုလက်ဖြင့်ဖယ်ရှားသော်လည်းမရ ထပ်မံစီးကျလာပြန်သည်။သွေးစက်ခြံထဲမှာရှိနေသည်ကအချိန်အတော်အကြာပြီဖြစ်
သည်။ဟုတ်ပါတယ် သူမကိုနှိပ်စက်ညဉ်းပန်းနေတာသူအရမ်း
ကိုလွန်ပါတယ်။သူမဖခင်ကြောင့်သာမဟုတ်လျှင်အခုလိုသူမ
နှိပ်စက်ခံရမှာမဟုတ်ဘူး။"မင်းအပြစ်တင်ချင်ရင်မင်းအဖေကိုသာအပြစ်တင်လိုက်။ငါ
ဘက်ကလက်စားချေဖို့လုံးဝ့နောက်ဆုတ်မှာမဟုတ်လို့မင်း
ဆက်ပြီးခံစားနေရာမှာမို့အသင့်ပြင်ထားလိုက် နွဲ့ယိမ်းအိမ်"ပြောပြီးစံအိမ်ထဲဝင်လာခဲ့သည်။ကြီးနုကိုလိုက်ရှာသော်လည်း
မတွေ့။သီရိရောက်လာတော့"သီရိ ကြီးနုရော"
"ကြီးနု မမလေးဆီသွားတယ် သခင်လေး"
"အင်း သွားတော့"
"ဟုတ်ကဲ့ သခင်လေး"
သီရိထွက်သွားတော့သူအပေါထပ်သို့တက်လာခဲ့သည်။သူ့
အခန်းနဲ့တစ်ဖက်တစ်ချက်စီအခန်းကသူမအခန်းဖြစ်သည်။
သူမအခန်းရှေ့လျှောက်သွားပြီး"'ကြီးနု"
အခန်းအပြင်ကသားစက်ခေါသံကြောင့်ကြီးနုလျင်မြန်စွာအခန်း
တံခါးကိုဆွဲဖွင့်လိုက်သည်။"သားစက် ကြီးနုကိုဘာခိုင်းစရာရှိလို့လဲ"
"ကျွန်တော်ဗိုက်ဆာလို့ကြီးနု။အဲဒါ ကျွန်တော်စားဖို့ဂဏန်း
ပေါင်းလေးနဲ့အသုပ်လေးလုပ်ပေးပါ"
BINABASA MO ANG
💋သခင့်အနမ်းရိုင်း💋(C O M P L E T E D)
RomanceNormal Fictionဖြစ်ပါတယ်နော်၊လောင်တာဖြစ်လို့အလောင်ခံနိုင်မှ ဖတ်ပါလို့အကြံပြုပါရစေဗျာ။