Unicode
Kim Junmyeon တစ်ယောက် အလုပ်စားပွဲမှာထိုင်ရင်း အထူးစုံထောက်နှင့် ဆွေးနွေးနေရင်း သက်ပြင်းအခါခါချနေမိသည်။ ၆ လအတွင်း Kim Group ရဲ့ ဥပဒေအကြံပေး၊ သူရဲ့ PA နဲ့ GM သုံးယောက်လုပ်ကြံခံရသည်။ သုံးယောက်လုံးက သူ့ရဲ့ အဒေါ်အရင်း၊ ညီဝမ်းကွဲနဲ့ ဦးလေးဝမ်းကွဲတို့ဖြစ်ကြသည်။ သူနဲ့ပတ်သက်ဆက်နွယ်သူတွေအကုန် Sniper ငှားပြီး လုပ်ကြံနေခြင်းရဲ့ နောက်ကွယ်ကစေခိုင်းနေတာဘယ်သူတွေများလဲ???
ဒီလူသုံးယောက်က Company ရဲ့အရေးပါတဲ့လူတွေဖြစ်ပြီး ဆုံးရှုံးကုန်တာက Company အတွက်နစ်နာသလို သူ့အတွက်လည်းမိသားစုဝင်တွေကို ဆုံးရှုံးရတာဖြစ်နေတယ်။ ဘာရန်ငြိှုးတွေကြောင့်များ ဒီလိုလုပ်ကြံနေရတာလဲ။ ကြာရင်သူ့ရဲ့ Kim Group က မီဒီယာမှာ အဆိုးသတင်းနဲ့ရေပန်းစားပြီး နစ်နာတော့မယ်။
အထက်ပိုင်းကလူတွေပဲ လုပ်ကြံခံနေရတော့ ရှိရင်းစွဲရာထူးကြီးကြီးရထားသူတွေတောင် အလုပ်ထွက်ချင်နေကြပြီ။ Company ရဲ့ထိပ်ပိုင်းလူကြီးတွေအားလုံးကလည်း အမျိုးအရင်းတွေများ၏။
"သေသေချာချာ ဒီအမှုကိုလိုက်ပေးပါ။ တရားခံကိုသိရမှဖြစ်မှာမို့ ကြိုးစားပေးပါဦး"
"စိတ်ချပါ။ ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး"
အမှုကိစ္စအတွက် အထူးစုံထောက်နဲ့စကားပြောပြီးသည့်အတိုင်အောင် သူ့စိတ်တွေ ပူလောင်နေရသည်။ စိတ်ကလည်း တရားခံကိုမိဖို့သာ လောနေမိသည်။ လွယ်လွယ်နဲ့မိမှာမဟုတ်ပေမယ့် သူကလည်းလွယ်လွယ်နဲ့လည်းလက်မလျှော့နိုင်ဖူးလေ။
နောက်ကျိနေတဲ့ စိတ်တွေအေးချမ်းစေဖို့ စားပွဲပေါ်ကဓာတ်ပုံမှန်ဘောင်လေးကိုကိုင် ယူလိုက်ပြီး ကုလားထိုင်နောက်ကျောကိုမှီချရင်း ပုံလေးကိုကြည့်လိုက်သည်။ ဒဲဒီနဲ့မာမီပြီးရင် အခင်တွယ်ဆုံးသော သူလေးကိုတမ်းတမိပါ၏။
"ကိုကို့ညီလေး..... မင်းဘယ်တွေရောက်နေလဲဟင်။ ၁၄ နှစ်ကြာခဲ့ပြီနော်။ ကိုကိုမင်းကိုသတိရတယ်"
ပုံလေးကိုကြည့်၍ လက်ကလည်းသူ့ရဲ့ညာဘက်လက် လက်သန်းကြွယ်မှာစွပ်ထားတဲ့ ကျောက်စိမ်းလက်စွပ်လေးဆီကို အကြည့်ရောက်သွားသည်။ ဒီလက်စွပ်လေးနဲ့ဆင်တူ လက်စွပ်လေးနောက်တစ်ကွင်းက ညီလေးရဲ့လက်သန်းလေးမှာ စွပ်ပေးခဲ့တာ။

YOU ARE READING
B.A.D(Completed)
FanfictionWho's bad????? Oh Sehun : I'm only good at being bad. Kim Ni Ni : I enjoy being the bad. //SHORT STORY// SeKai/KaiHun Start - 16/7/2022 End- 8/11/2022