Unicode
ကားအနက်ကြီးထွက်ခွာသွားတဲ့အခါမှာတော့ Ni Ni စီးနေကြ Sneaker လေးကိုကိုင်ရင်း မလှမ်းမကန်းမှာရပ်နေတဲ့ Sehun က ကျောက်ရုပ်လိုပဲ။ တစ်ဆတစ်ဆ ဝေးကွာသွားတဲ့ ကားအနက်ကြီးကိုမျှော်ကြည့်ရင်း Ni Ni ရဲ့ Sneaker လေးကိုပိုက်ထားတဲ့ Sehun ဟာ မျက်ရည်တွေကျနေရသည်။ ရင်ခွင်တစ်ခုလုံးကျိုးကြေမွ၍ အသက်ပင်မနည်းရှူနေရသည်။
Ni Ni တကယ်ပဲ သူ့ဘဝထဲက ထွက်သွားပြီပေါ့????
ဒီလိုနဲ့ပဲ Ni Ni နဲ့ဝေးရပြီလား????
Ni Ni က အကိုအရင်း သွေးအရင်းအချာ Kim Junmyeon ဆီပါသွားပြီပေါ့???? Sehun ဟာသွေးသားအရင်းဖြစ်သူ Kim Junmyeon နေရာမှာ ဘယ်တော့မှအစားထိုးမရဖူးဆိုတာ သိပေမယ့် ၁၄ နှစ်တာသံယောဇဉ်နဲ့ ၃နှစ်တာချစ်ခြင်းတွေကို တစ်ရက်ထဲတစ်ညထဲနဲ့ ဘယ်လိုပြတ်သားပစ်ရမလဲ???
Oh Sehun ဆိုတာ အငြိုးတွေ၊ အတ္တတွေ၊ မုန်းတီးမှုတွေနဲ့ လူလုပ်နေပေမယ့် သူ့ရဲ့ရင်ထဲကအနက်ရှိုင်းဆုံးနေရာမှာ Kim Ni Ni ဆိုတဲ့သူလေးရှိနေတယ်။ Kim Ni Ni ကိုသိပ်ချစ်ခဲ့တယ်။ ဘယ်သူ့အပေါ်မှာမှ မထားခဲ့ဖူးတဲ့ ချစ်ခြင်းမေတ္တာကို Kim Ni Ni ကိုပေးအပ်ခဲ့ဖူးပါတယ်။
သူဟာ တချိန်ကတက်ကြွတဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ အရာရာစိတ်ဝင်တစားလေ့လာပြီး ဘဝကြီးကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းဖူးတယ်။ ချစ်ခင်ယုယမယ့် Omma မရှိတော့ပေမယ့် ပြည့်ပြည့်စုံစုံထားပေးတဲ့ Appa ရှိခဲ့တယ်။
ပြီးတော့ အရမ်းချစ်ခင်ရပြီး အရာရာအားကိုးယုံကြည်ရတဲ့ သိပ်ချစ်ခဲ့ရတဲ့ ချစ်သူလည်းရှိခဲ့တယ်။
တချိန်က Oh Sehun သိပ်ကိုချစ်ခဲ့ရတဲ့ Kim Junmyeon ..... အသက် ၂နှစ်ပဲကွာတဲ့ Oh Sehun ကိုချစ်ခဲ့တဲ့ Kim Junmyeon.....
ကံကြမ္မာက ချစ်ခြင်းတွေကို ခွဲခွာခဲ့တဲ့အပြင်....Oh Sehun ဘဝကြီးက Kim Family တွေကြောင့် ရစရာမရှိအောင် ပျက်စီးခဲ့တယ်ဆိုရင်...... Sehun ရဲ့လက်စားချေမှုကို အပြစ်တင်ကြဦးမှာလား???
~.~
အသက် ၂၂ နှစ်ဆိုတဲ့ ငယ်ရွယ်နုပျိုပြီးတက်ကြွလန်းဆန်းတဲ့အရွယ်၊ xxx တက္ကသိုလ်မှာ တတိယနှစ် စိတ်ပညာအထူးပြုကျောင်းသား၊ တက္ကသိုလ်ရဲ့ ကျောင်းလက်ရွေးစင် သေနတ်ပစ်အားကစားသမားလေး Oh Sehun ဟာ ထိုအချိန်ကအပူအပင်ကင်းပြီး ပျော်ရွှင်ခဲ့ရတဲ့ သာမာန်ကျောင်းသားလေးတစ်ဦးဖြစ်ခဲ့တယ်။ အရာရာကိုကြိုးစားလိုစိတ်ရှိပြီး ဉာဏ်ကောင်းထက်မြက်တဲ့ကျောင်းသားလည်းဖြစ်တယ်။ သေနတ်ပစ်လည်းကျွမ်းကျင်ပြီး တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်လည်းဖြစ်ခဲ့သေး၏။
YOU ARE READING
B.A.D(Completed)
FanfictionWho's bad????? Oh Sehun : I'm only good at being bad. Kim Ni Ni : I enjoy being the bad. //SHORT STORY// SeKai/KaiHun Start - 16/7/2022 End- 8/11/2022