Unicode
ကြီးကျယ်ခန်းနားတဲ့အိမ်ကြီးထဲဘယ်နေရာကြည့်ကြည့် လှပတဲ့အပြင်အဆင်၊ အသုံးအဆောင်တွေနဲ့ အခြွေအရံတွေပေါလှပေမယ့် အထီးကျန်စွာတိတ်ဆိတ်ငြိမ်သက်နေသူက Kim Jongin ပဲ။ ကြီးကျယ်ခမ်းနားတဲ့ Kim အိမ်တော်မှာနေထိုင်လာတာ ၃နှစ်ကျော်ပြီဖြစ်သော်လည်း ကွန်ဒိုခပ်ကျဉ်းကျဉ်းလေးထဲ 'ကိုကို' နဲ့အတူနေခဲ့ရတဲ့ကာလကိုပဲ လွမ်းဆွတ်နေသည်။
အရသာထူးကဲပြီးကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ဟင်းပွဲတွေကိုသုံးဆောင်ရတာထက် တချိန်က ကိုကိုချက်ကျွေးတဲ့ ဟင်းလျာတွေကိုပဲသတိရမိသည်။ အိစက်ညက်ညောတဲ့ တန်ဖိုးကြီးကုတင်ကြီးပေါ် အပူပင်ကင်းစွာအိပ်စက်နေရပေမယ့် ကြေးစားလူသတ်သမားတွေမို့ ကိုကိုနဲ့အတူ ၃နှစ်တစ်ခါကွန်ဒိုတွေပြောင်းနေရတဲ့ဘဝကိုပဲ မက်မောမိသည်။
လှပကျော့ရှင်းတဲ့လက်လေးတွေက ဘာမှပင်ပင်ပမ်းပမ်းရုန်းကန်လှုပ်ရှားစရာမလိုပေမယ့် Sniper သေနတ်ကိုင်ရင်း ပစ်မှတ်တွေပစ်ရတာရယ်၊ ကိုကို့အနားကပ်တဲ့ကောင်တွေကို အသေရိုက်သတ်ရတာရယ် ..... ထိုလက်နုနုလေးတွေကလုပ်ဆောင်ချင်မိသည်။
Jongin ဆိုးသွမ်းစွာပဲရှင်သန်ချင်ပါသည်။ တစ်ယောက်ထဲတော့မဟုတ်ဖူး။ သူသိပ်ချစ်မြတ်နိုးရတဲ့ ကိုကိုနဲ့အတူတူ ဆိုးသွမ်းတဲ့လုပ်ရပ်တွေနဲ့ ပြစ်မှုတွေရှောင်ရင်းတိမ်းရင်း ရှင်သန်လိုသည်။ ကိုကိုကဆိုးသွမ်းသလို Jongin လည်းလိုက်ဆိုးသွမ်းချင်သည်။
ကိုကိုက Jongin ငယ်ငယ်ကဖမ်းဆီးခေါ်ဆောင်ပြီး ငယ်ဘဝမှတ်ဉာဏ်တွေဖျက်ပစ်လို့ Brain wash ခဲ့တယ်ဆိုရင်တောင် Jongin ကိုကို့အပေါ်အပြစ်မမြင်ရက်ပဲ ချစ်မြဲချစ်နေဆဲပါပဲ။ ကိုကိုအနားမှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ....... ကိုကို့,ကို နစ်နေအောင်ချစ်နေဆဲပါပဲ။
ဘယ်လိုပဲ Kim family ရဲ့ ဆက်ခံသူလို့သတ်မှတ်ထားပါစေ..... ကြွယ်ဝမှု၊ ငွေကြေး၊ ရာထူးနဲ့ အာဏာဆိုတာတွေကို သူမမက်မောပါ။ အခုအချိန်မှာ ဘဝကို ရိုးရိုးရှင်းရှင်းလေးဖြတ်သန်းရင်း ကိုကို့,ကို လွမ်းဆွတ်နေမိသည်။
အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ Jongin ဟာ Kim Junmyeon ရဲ့ညီအဖြစ် သတင်း Media တွေနဲ့တကွ မိတ်ဖက် Company အားလုံးကို အသိပေးပြီးပြီဖြစ်တဲ့အတွက် တော်တော်များများလုပ်ငန်းရှင်းတွေက မြင်ဖူးတွေ့ဖူးနေကြပြီ။ ဘွဲ့လည်းရပြီးပြီဖြစ်တဲ့ Jongin ဟာ Kim Group ရဲ့ ဘယ်တစ်နေရာကိုမှ ဝင်ရောက်ခြင်းမရှိပဲ မြို့လယ်က Hunny ကိတ်ဆိုင်လေးမှာပဲ ဆိုင်ထိုင်ဖြစ်သည်။ ဒီဆိုင်လေးကို ကိုကို Jun ကိုတောင်းဆိုပြီး သူဆက်ဖွင့်ခဲ့တာ။ Jongin အတွက် ဒီကိတ်ဆိုင်လေးကပဲ ကိုကို့ရဲ့အငွေ့အသက်တွေကျန်ရှိတဲ့ နေရာလေးပါပဲ။ Jongin ဟာ အခုထိ အတိတ်တွေထဲကရုန်းမထွက်ချင်သေးပါ။
YOU ARE READING
B.A.D(Completed)
FanfictionWho's bad????? Oh Sehun : I'm only good at being bad. Kim Ni Ni : I enjoy being the bad. //SHORT STORY// SeKai/KaiHun Start - 16/7/2022 End- 8/11/2022