BAD - IV

156 21 6
                                    

Unicode

၁၀ နှစ်အရွယ် Ni Ni လေးဟာ အခန်းထောင့်ကပ်ပြီးငိုနေရပါတယ်။ ကိုကိုရိုက်ထားတဲ့ ခြေသလုံး လုံးတုတ်လေးကလည်း ရဲရဲနီလို့။ ကိုကိုဒေါသထွက်တဲ့အချိန်ဆို Ni Ni လေးမှာ နေစရာနေရာမရှိဖူးလေ။ ဒီစတိုခန်းလေးထဲပဲ ကိုကိုမတွေ့အောင် ပုန်းပြီးငိုရတာ။

အသားနာလို့ငိုတာထက် ကိုကို့,ကို စိတ်ဆိုးအောင်လုပ်မိလို့ ငိုမိတာက ပိုများတယ်။ ဘာလို့ဆို ကိုကိုက သူ့ရဲ့ သူငယ်ချင်း၊ အကို၊ ကစားဖော်၊ အုပ်ထိန်းသူ စတာတွေဖြစ်လို့ပဲ။

ကိုကိုကသာ အရာရာမို့ ကိုကိုစိတ်ကုန်ပြီး ပစ်သွားမှာသိပ်ကြောက်ပါတယ်။ အခုလည်း ကိုကိုစိတ်ဆိုးအောင်လုပ်မိလို့ ခြေသလုံးကို ၅ချက်အရိုက်ခံရတယ်။

အသားနာတာထက် နှလုံးသာကနာကျင်ရတယ်ကိုကိုရေ။

ပစ္စည်းဟောင်းထားတဲ့ စတိုခန်းထောင့်မှာ တရှုံ့ရှုံ့ငိုနေရင်း အခန်းတံခါးကရုတ်တရက်ပွင့်သွားတော့ ဝင်လာသူက ကိုကို။ ကိုကိုက အခုထိမျက်ခုံးထူထူနက်နက်တွေကို မှုန်ကုတ်ထားတုန်းပဲ။ ဒါပေမယ့် လက်ထဲမှာတော့ မနက်ကသူ့ကို ဆော်ပလော်တီးတဲ့ တုတ်ကိုတော့မတွေ့ရ။

"ကိုယ့်အပြစ်ကိုယ်သိပြီလား Kim Ni Ni"

ကိုကိုက ငုတ်တုပ်လေးထိုင်နေတဲ့ သူ့အနားမှာဝင်ထိုင်ပြီး သူ့ကိုဖက်ထားလေရဲ့။ ကိုကိုရဲ့ရင်ငွေ့လေးခိုလှုံလိုက်ရတာနဲ့ သူ့ရဲ့ဝမ်းနည်းစိတ်တွေက ယူပစ်လိုက်သလိုကို ပျောက်သွားတာပဲ။

"ဟုတ်.... သိပါပြီကိုကို"

"သိရင် ပြောလေ။ ကိုကို မင်းကို ဘာလို့ရိုက်ရတာလဲ???? ဖြေစမ်း Ni Ni"

ကိုကို့အသံက အေးစက်ပြီးမာကြောနေသေးပေမယ့် မနက်ကရိုက်နေတုန်းကလိုတော့ မပြင်းထန်တော့လို့ ကိုကိုစိတ်ဆိုးပြေတော့မယ်ဆိုတာ သူသိလိုက်သည်။

ဒါပေမယ့်လည်း ကိုကို့,ကို ကြောက်သေးတာမို့ "ပိုပို" မပေးရဲသေးဖူး။ အမှန်က ကိုကိုဖက်လိုက်ထဲက သွေးကြောစိမ်းလေးတွေထင်းနေတဲ့ ကိုကို့ရဲ့ပါးနုနုလေးကို "ပိုပို" ပေးချင်ခဲ့တာ။

B.A.D(Completed)Where stories live. Discover now