Unicode
၉၉.၉၉ Matched လိုပြနေတဲ့ DNA စစ်ဆေးချက်စာရွက်ကို Ni Ni လက်ကကိုင်ဖတ်ရင်း အနည်းငယ်တုန်ရင်လာသည်။ စားပွဲတစ်ဖက်မှာထိုင်နေတဲ့ Kim Junmyeon ကတော့ Ni Ni ကို သေချာစိုက်ကြည့်နေသည်။ Kim Ni Ni ဘယ်လိုတုန့်ပြန်မလဲ??
အကိုအရင်းဖြစ်ပေမယ့် ဒီလိုဆေးစစ်ချက်စာရွက်လေးတစ်ရွက်နဲ့ ၁၄ နှစ်တာဝေးကွာနေခဲ့တဲ့ Ni Ni က လွယ်လွယ်လက်ခံပါ့မလား??? အချိန်ခဏလေးသာညီအကိုအဖြစ် အတူတူနေထိုင်ခဲ့ရတဲ့ Ni Ni နဲ့သူနဲ့က သံယောဇဉ်ရောခိုင်မြဲပါ့မလား???
Ni Ni နဲ့က Ni Ni အသက် ၆နှစ်သားမှသူ့ဆီရောက်လာတာဖြစ်ပြီး လပိုင်းလေးပဲအတူရှိခဲ့တာမို့ Ni Ni က ငယ်လွန်းသေးတာကြောင့် သူ့နာမည်တောင်မှတ်မိခဲ့တာမဟုတ်ပေ။ သူ့ကိုလည်း ဝေဝေဝါးဝါးပဲဖြစ်နေသေးတာမလား??? Ni Ni ကိုစောင့်ရှောက်ထားတဲ့သူကရော ဘယ်သူလဲ??? Ni Ni နောက်ကိုနောက်ယောင်ခံခဲ့ပေမယ့် အတူရှိနေခဲ့တဲ့သူကိုတော့ အခုထိမသိရသေး။
"ကျွန်တော့်ဆံပင်ကို မသိတဲ့အချိန်အသာလေးယူသွားပြီး ကာယကံရှင်မသိအောင် DNA စစ်ခဲ့တယ်ပေါ့??? ဟုတ်လား Kim Junmyeon????"
Kim Ni Ni က DNA စစ်ဆေးချက် Result စာရွက်ကို Junmyeon ဘက်ကို ပြန်ပေးရင်းပြောသည်။ အသံလေးကဒေါသသံလေးပါစွတ်နေသေးလို့ Junmyeon အနည်းငယ်ပြုံးသွားရ၏။ သူ့ရဲ့တစ်ဦးတည်းသောညီငယ်လေးက စိတ်ဆက်သူလေးဖြစ်နေပါလား။ ငယ်ငယ်ကအကျင့်တွေအတိုင်းပါပဲ။
"မသိအောင်လုပ်မိလို့ ကိုကိုတောင်းပန်တယ်နော် Innie.... သက်သေပြဖို့ဒီတစ်နည်းပဲရှိလို့ပါ။ Result က Innie တွေ့တဲ့အတိုင်းပဲလေ.... မင်းက ကိုကို့ရဲ့ညီလေး။ မင်းက Kim Group ရဲ့မိသားစုဝင်ပဲ။ ကျေးဇူးပြုပြီး ကိုကိုနဲ့ပြန်လိုက်ခဲ့ပါ Innie။ အခု Innie ကိုစောင့်ရှောက်ပေးထားသူတွေကို ကိုကိုကျေးဇူးဆပ်မှာပါ။ သူတို့နဲ့လည်းပေးတွေ့ပါဦး"
Junmyeon ကအားတက်သရောပြောနေပေမယ့် Ni Ni ကတော့ မတုန်မလှုပ်ပဲ။ အနည်းငယ်တုန်ရင်နေတဲ့လက်လေးတွေက Ni Ni စိတ်မငြိမ်ဖြစ်နေတာကို ပြသပေးနေသည်။ အသက် ၆နှစ်ထဲက ကွဲကွာသွားတဲ့အကိုနဲ့ ၁၄နှစ်ကြာမှပြန်ဆုံရတော့ Ni Ni ချက်ချင်းလက်သင့်ခံမယ်မဟုတ်ဆိုတာ Junmyeon တွက်ဆထားပြီးသားပါ။

YOU ARE READING
B.A.D(Completed)
FanfictionWho's bad????? Oh Sehun : I'm only good at being bad. Kim Ni Ni : I enjoy being the bad. //SHORT STORY// SeKai/KaiHun Start - 16/7/2022 End- 8/11/2022