BAD - II

204 22 14
                                    

Unicode

"ချစ်စရာကောင်းလိုက်တာ ..... ကလေးလေး လမ်းပျောက်နေတာမလား....."

"သားကိုကိုဆီသွားမှာ.... ကိုကိုရေ......လာခေါ်ပါ.... အီးဟီးဟီး"

မြင်ကွင်းတွေကဝေဝါးနေတာမို့ သူဘာမှ သဲကွဲစွာမမြင်ရ။ အကြောင်းက မျက်ဝန်းညိုညိုလေးတွေထဲ ပုလဲဥလေးတွေ ရစ်သီနေတာမို့ ဘယ်ကိုကြည့်ကြည့် မကြည်မလင်မပြတ်မသားနဲ့။

ကိုကို့,ကိုရှာနေရင်း အကိုကြီးတစ်ယောက်ကမချီလိုက်တာကြောင့် ပိုတိုးလို့ငိုမိ၏။ ကိုကိုက ဘယ်ရောက်သွားမှန်းမသိ။ ဘယ်မှလည်းလိုက်မရှာတက်။ ချီထားတဲ့ အကိုကြီးကိုပဲ ကိုကို့,ကို ရှာပေးဖို့တောင်းဆိုမိပေမယ့် .......

"သားကိုကို,ကိုပဲ ရှာပေးပါ။ အဟင့်.... အီးဟီး"

"ရှူး ...... မငိုနဲ့ ....ကလေးလေး.... မင်းရဲ့ကိုကိုက မင်းကိုလာခေါ်မှာမဟုတ်တော့ဖူ။ အခုကစပြီး မင်းကိုကိုက ငါဖြစ်သွားပြီ။ ငါက မင်းရဲ့ကိုကို။ မင်းရဲ့တစ်ဦးတည်းသော ကိုကိုပဲ။ မင်းမှာ ငါကလွဲပြီး တစ်ခြားကိုကိုမရှိဖူး"

"ဟင့်အင်း ..... သားမှာကိုကိုရှိတယ်။ သားကိုကိုဆီပြန်မယ်..... အားဝါး"

ဘယ်လိုပဲရုန်းကန်နေပါစေ ကိုယ့်ထက်အသက်အများကြီး,ကြီးတဲ့အကိုကြီးရဲ့လက်ထဲကနေ ၆နှစ်သားလေး ဖြစ်တဲ့ကျွန်တော်ဟာ ဘယ်လိုမှရုန်းထွက်မရခဲ့။ တင်းကြပ်စွာပွေ့ဖက်ထားတဲ့လက်တွေကြားထဲမှာ မျက်ရည်တွေအပြိုပြိုအလဲလဲနဲ့ ဖြစ်နေခဲ့ရတာ။

"ကိုကို့ဆီပဲ ပြန်ပို့ပေးပါ"

ဘယ်လိုပဲတောင်းဆိုတောင်းဆို တစ်ယောက်သောသူက အလျှော့ပေးမည်မထင်။

"ကိုကိုက ..... မင်းကိုပိုင်တဲ့ တစ်ဦးတည်းမူပိုင် ကိုကိုပဲ.... မင်းရဲ့....မူပိုင်...ကိုကို..... မင်းမှာတခြားကိုကိုမရှိစေရဖူး.........မင်းက အခုကစပြီး Kim Ni Ni လေးဖြစ်သွားပြီ ကလေးရေ...."

.

.

.

.

"အား......."

သူအိပ်မောကျနေရာကနေ အိပ်ယာပေါ်မှာလန့်ပြီး ထအော်မိသည်။ အိမ်မက်ဆိုးတွေ ထပ်မက်ပြန်ပြီ။ Ni Ni ဒီအိမ်မက်ကိုမြင်မက်ခဲ့တာ အခုမှတော့မဟုတ်ဖူး။ ဟိုးငယ်စဉ်ထဲက မက်ခဲ့တဲ့အိမ်မက်ပေမယ့်လည်း အစမရှိအဆုံးမရှိနဲ့။ ပြီးရင်ဒီလိုပဲ အလန့်တကြားလန့်နိုးသွားရော။

B.A.D(Completed)Where stories live. Discover now