Part - 1 (1/2)

544 31 0
                                    

Unicode

"တံခါးဖွင့်... ငါ့ကိုအပြင်ထွက်ခွင့်ပေး"

"ငါ့ကိုအပြင်ထွက်ခွင့်မပေးဘူးဆိုရင်တော့ ဒီထင်းပုံပေါ်မှာ သေးပေါက်ချမှာနော် "

လော့ဖေး သူ့ခါးနားမှာ လက်နှစ်ဖက်ကိုထားလိုက်ပြီး ထင်းတဲ တံခါးကို အသံမြည်အောင် အားနဲ့ကန်ချလိုက်
သည်။ (ကွန်ဖူးကားတွေထဲကလိုမျိုးလေ)

"ဒုတိယအစ်ကို အားအကုန်မခံပါနဲ့တော့"

ထင်းတဲရဲ့အပြင်ဖက်ကနေ ကူရာမဲ့တဲ့အသံတိုးတိုးလေး ထွက်လာသည်။

"အဖေက အစတည်းကပြောထားပြီးသား ဘာပဲဖြစ်ဖြစ် ဒုတိယအစ်ကိုကို မထုတ်ပေးရဘူးတဲ့.. အဲ့ထဲမှာသာနေလိုက်ပါ.. မထိန်းနိုင်တော့ရင်လဲ မြေကြီးပေါ်မှာပေါက်ချလို့ရတယ်... ဒါက အိမ်ကထင်းပုံပဲဟာ ဘာမှမဖြစ်ဘူး ဘယ်သူမှ ပြောရဲမှာမဟုတ်ပါဘူး"

" မဟုတ်ဘူးလေ အဲ့ဒါကအရေးမကြီးဘူး?!!"

လော့ဖေး ဒေါသထွက်လွန်းလို့ ရူးတော့မလိုဖြစ်နေသည်။

"အဲ့ဒါက ကျန်းရန်ဖန် ရဲ့လက်ထပ်ပွဲပဲမဟုတ်ဘူးလား... ငါ့ကိုအပြင်ထွက်ခွင့်ပေးရင် ဘာဖြစ်မှာမို့လို့လဲ.. ငါကသူ့ကိုစားပစ်မှာမှ မဟုတ်တာ"

"မနေ့တုန်းကလည်း ဒုတိယအစ်ကိုက အဲ့လိုပြောခဲ့တာပဲလေ.. ဒါပေမဲ့ ကျွန်တော်လဲထုတ်ပေးလိုက်ရော မြစ်ထဲကိုခုန်ချဖို့ကြိုးစားတော့တာပဲ"

"ခုန်ချ.. ခုန်ချတယ် ဘယ်ထဲကို"

"မြစ်ထဲကို ခုန်ချတာ"

လော့ရီ ကွေ့ဝိုက်ပြောနေတာကိုရပ်လိုက်ပြီး အမှန်ကိုပြောဖို့ကြိုးစားလိုက်သည်။

" ဒုတိယအစ်ကို ကျွန်တော်က ဆုံးမချင်တာတော့မဟုတ်ပါဘူး.. ဒါပေမဲ့လေ ကျန်းရန်ဖန် ကဘာတွေများအရမ်းကောင်းလွန်းနေလို့လဲ... သူက လက်တောင်ထပ်တော့မှာကို ခုထိသူ့အကြောင်းတွေးနေတုန်းပဲလား"

"အာ... ငါကဘာလို့သူ့အကြောင်းတွေးရမှာလဲ"

"ဒုတိယအစ်ကိုပဲ.... ဟုတ်ပါပြီ ဟုတ်ပါပြီ မငြင်းတော့ပါဘူး.. ဘာပဲဖြစ်ဖြစ်ပါ အဖေကပြောထားပြီးသား ကျန်းရန်ဖန်ရဲ့ လက်ထပ်ပွဲပြီးမှပဲ အပြင်ကိုထွက်ခွင့်ပေးမယ်တဲ့"

စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုပါတယ်Where stories live. Discover now