Part - 2 (2/1)

203 20 0
                                    

Unicode

ဟွာပင်းရွာလေးက အရမ်းမသေးလွန်းသလို အရမ်းလဲ မကြီးပေ။ အိမ်ထောင်စု ၄၀ လောက်ရှိပြီး လူ၂၀၀ ဝန်းကျင်လောက်နေထိုင်ကြသည်။ လူတိုင်းက အချင်းချင်းသိနေကြပြီး မီးခိုးထွက်လေ့မရှိတဲ့ အိမ်က မီးခိုးခေါင်းတိုင်က မီးခိုးထွက်လာပြီး အဲ့ဒီအိမ်ကလူတွေ ပြန်ရောက်နေပြီဆိုတာ တစ်ရွာလုံးသိသွားဖို့အချိန်ဘယ်လောက်မှမကြာလိုက်ပါ။ ဒီမိသားစုအကြောင်း စုဆောင်းထားတဲ့အချက်တွေကတော့ မနည်းမနောပဲ။

အစောပိုင်းနှစ်တွေတုန်းကတော့ မဒမ်ရှီ၊ သူမသား၊ သူမရဲ့ ချွေးမနဲ့ မြေးလေးတို့ စုစုပေါင်း ၄ယောက်အတူနေထိုင်ခဲ့သည်။ သူတို့မိသာစုက သင့်တင်တဲ့ဘာဝအခြေအနေရှိကြသည်။ အဲ့ဒီလင်မယားတွေက အငယ်စားလုပ်ငန်းလေးအတွက် မြို့ထဲကို မကြာခဏသွားလေ့ရှိကြသည်။ မဒမ်ရှီကတော့ သူ့မြေးနဲ့အတူ ကြက်အနည်းငယ်မွေးထားပြီး စိုက်ခင်းတွေကို ထိန်းသိမ်းမှုလုပ်ကြသည်။ သူတို့မိသားစုလေးက အရမ်းကိုငြိမ်းချမ်းပြီး ပျော်ရွှင်စရာမိသားစုလေးဖြစ်ခဲ့သည်။ ဒါပေမဲ့လဲ ရှေးလူးကြီးတွေပြောခဲ့ကြတဲ့အတိုင်း မိသားစုတိုင်းမှာ ခက်ခဲတဲ့အချိန်တွေရှိကြစမြဲပေ။

ရှီမိသားစုဟာ မနက်စာရောင်းတဲ့အလုပ်လုပ်ခဲ့ပြီး နှစ်နှစ်အကြာမှာတော့ ရှီယွီရဲ့အမေကို အတင်းလိုက်ကြိုက်နေတဲ့သူတစ်ယောက် ပေါ်လာခဲ့တယ်။ အဲ့လူကတော့ အနိုင်ကျင့်တတ်သူအဖြစ် တစ်မြို့လုံးသိထားတဲ့ လူမိုက်တစ်ယောက်ဖြစ်နေခဲ့သည်။ အစကတော့ ရှီယွီအဖေက အဲ့လူနဲ့ပြဿနာမတက်ချင်တာကြောင့် အဲ့လူကိုရှောင်ဖို့အတွက်နဲ့ သူတို့ရောင်းတဲ့နေရာကို တစ်နေရာပြီးတစ်နေရာပြောင်းခဲ့ကြသည်။ ဒါပေမဲ့လည်း အဲ့ဒီလူက သူတို့နောက်ပဲလိုက်လိုက်လာနေတော့ နှစ်ဖက်လုံး စပြီး တိုက်ခိုက်ကြတော့သည်။ နှစ်ဖက်လုံးအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေ ဖြစ်သွားခဲ့သည်လေ။ အဆုံးမှာတော့ အဲ့လူမိုက်လဲသေသွားခဲ့ပြီး ရှီယွီရဲ့ အဖေလည်း ဆုံးပါးသွားခဲ့သည်။

ယောကျာ်းဖြစ်သူကိုဆုံးရှုံးသွားခဲ့ရတာကြောင့် ရှီယုအမေဟာ နေ့တိုင်းငိုကြွေးနေခဲ့ပြီး စိတ်ကျရောဂါခံစားခဲ့ရကာ ဆုံးပါးသွားရှာတော့သည်။ မဒမ်ရှီခမျာ သားဖြစ်သူဆုံးသွားခဲ့ရုံသာမက သူမရဲ့ချွေးမကိုပါ လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ သူမလည်း တဖြည်းဖြည်းနဲ့အရူးတစ်ပိုင်းဖြစ်လာတော့သည်။ အဲ့ဒါကြောင့်ပဲ သူမဟာ ပြင်းထန်တဲ့အဖျားဝေဒနာကိုခံစားခဲ့ရပြီး မိသားစုပိုင်ဆိုင်တာတွေအကုန်သုံးလိုက်ရသည်။

စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုပါတယ်Where stories live. Discover now