Part - 1 (2/2)

270 22 0
                                    

Unicode

"အဖေရေ!!! အမေ!!!!"

အစတုန်းကတော့ အထဲကသူက သူ့ကိုလှည့်စားနေတာဖြစ်မယ်လို့ လောရီကတွေးခဲ့ပေမဲ့ သူ(လော့ဖေး)က အရင်တစ်ခါက တစ်ကယ်ကြီး သတ်သေဖို့လုပ်ခဲ့ဖူးတာကို စဉ်းစားမိလိုက်တော့ လောရီ အေးအေးဆေးဆေး မနေရဲတော့ပေ။ သူမလှုပ်ရှားနိုင်ဖြစ်သွားပြီး ဟင်းသီးဟင်းရွက်စိုက်ခင်းတွေဖက်ကို စိုးရိမ်တကြီး အော်ပြောလိုက်တော့သည်။

"အဖေနဲ့ အမေရေ!!! ဒုတိယအစ်ကို သတ်သေဖို့ကြိုးစားပြန်ပြီ!!"

မြေပြင်ပေါ်မှာ လှဲနေတဲ့ လော့ဖေးက အပြင်ကအသံကိုကြာလိုက်တော့ ဒေါသထွက်သွားပေမဲ့လဲ ယခုအခြေအနေနဲ့ မျက်လုံးလှိမ့်လိုက်ရုံသာတတ်နိုင်တော့သည်။ အဲ့အချိန်မှာ အလျင်စလိုနဲ့ ပျာယာခတ်နေတဲ့ ခပ်မြန်မြန် ခြေသံတွေနဲ့ လာနေတာကို ကြားလိုက်ရသည်။

"ငါ့သားလေး!!! ငါ့ရဲ့သားလေးရယ် မင်းရဲ့အမေကို လန့်အောင်မလုပ်ပါနဲ့ကွယ်"

သူ့အမေ လီယွဲ့ဟွာ ကအမြန်ပြေးလာပြီး တံခါးရှေ့က ရေဆွဲပုံးကို သူ့သားငယ်နဲ့အတူ တွန်းဖယ်လိုက်သည်။ အဲ့နောက်မှာတော့ သူမလက်တွေက တုန်ရီနေတာကြောင့် သော့ပေါက်ထဲကိုတောင် သော့တံဝင်အောင်မလုပ်နိုင်တော့ပေ။

"အမေ မြန်မြန် ကျွန်တော့်ကို သော့တွေပေး"

လော့ရီ သော့တွေကို ယူလိုက်ပြီး တံခါးကို အလျင်စလိုဖွင့်လိုက်တဲ့အခါမှာတော့ သူတို့မိသားစုရဲ့ ဒုတိယအစ်ကိုက ကြမ်းပြင်ပေါ်မှာလဲလျောင်းနေတာကို မြင်လိုက်ရသည်။ လော့ရီ သူ့အစ်ကိုရဲ့ ခန္တာကိုယ်က ပုံမှန် ဖြစ်နေလား ဘာမှားနေတယ်ဆိုတာကို စစ်ဆေးမနေတော့ပဲ သူ့အစ်ကိုကို ထိုင်လို့ရအောင်မလိုက်သည်။

" ဒုတိယအစ်ကိုရေ!! ဒုတိယအစ်ကို!!!"

Òငါ့ရဲ့ ကလေးလေး.. ငါ့ရဲ့ကလေးလေးရေ မြန်မြန်နိုးလာပါတော့Ó

လီယွဲ့ဟွာ သူ့ကိုနည်းနည်းလှုပ်ရမ်းလိုက်ပေမဲ့လည်း ဘာမှတုံ့ပြန်တာကို မတွေ့တော့ ထိတ်လန့်သွားတော့သည်။ ဒီလောက်ဆိုရင်တော့ လုံလောက်ပြီထင်တယ်လို့ လော့ဖေးတွေးလိုက်ပြီး ဖြေးဖြေးချင်းနိုးလာသလိုလုပ်ဖို့တွေးလိုက်သည်။ အဲ့လို မလုပ်ခင်မှာပဲ လော့ရီက ပြောလိုက်သည်။

စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုပါတယ်Where stories live. Discover now