Part - 2 (2/2)

173 18 0
                                    

Unicode

ညစာစားတဲ့အချိန်မှာ ဒီကအစားအသောက်တွေနဲ့ကျင့်သားမရသေးတာကြောင့် လော့ဖေး သိပ်မစားနိုင်ခဲ့ပေ။ အိမ်ဘက်ကိုပြန်ရောက်တော့ ဒီနေ့တနေကုန်ဖြစ်ပျက်ခဲ့သမျှကိုပြန်တွေးလိုက်ပြီး သူအနည်းငယ် ဝမ်းနည်းမိသွားသည်။ သူ့မိဘအစစ်တွေကို ပြန်တွေ့ရဖို့မဖြစ်နိုင်တော့ဘူးလို့ တွေးလိုက်သည်။

သူက မိဘတစ်ယောက်ထဲရဲ့အုပ်ထိန်းမှုအောက်မှာကြီးပြင်းလာခဲ့သူဖြစ်သည်။ သူ့အဖေက ဖောက်ပြန်ခဲ့ပြီး သူ့ကိုဂရုမစိုက်ခဲ့ပါ။ အမေရယ် အဖွားရယ်နဲ့ပဲအတူနေခဲ့ရပြီး သူတို့ကြားမှာ ခိုင်မာလွန်းလှတဲသံယောဇဉ်တွေရှိခဲ့ကြသည်။ ခုတော့ အဲ့ဒီမိသားစုငယ်ထဲကနေ သူပျောက်ကွယ်သွားခဲ့တာကြောင့် သူတို့တွေ ဘယ်လောက်ဝမ်းနည်းနေကြမလဲဆိုတာကို သူမသိနိုင်တော့ပေ။

အဲ့အကြောင်းကိုစဉ်းစားလိုက်မိတော့ လုရီမျက်လုံးတွေနီလာသည်။ သူတစ်ခြားတော့မစိုးရိမ်ပေမဲ့ သူတို့တွေ အနိုင်ကျင့်ခံနေရမှာကိုတော့ စိတ်ပူမိသည်။ ဒါပေမဲ့ သူ့အမေရဲ့ စရိုက်နဲ့ဆိုရင်တော့ အဲ့လိုတွေဖြစ်လာနိုင်ချေမရှိလောက်ပေ။

လော့ဖေး မြေပြင်ကိုကြည့်လိုက်ရင်း သက်ပြင်းအရှည်ကြီးချလိုက်သည်။

ညီမလေး လော့ရူ က နေကြာစေ့တွေယူလားရင်း

" ဒုတိယအစ်ကို အဆင်ပြေရဲ့လား"

လောမိသားစုက သားသမီးတွေရဲ့နာမည်က မှတ်ရလွယ်သည်။ အကြီဆုံးက လော့ကျီ၊ ဒုတိယသားက လော့ဖေး၊ တတိယသမီးက လော့ရူဖြစ်ပြီး အငယ်ဆုံးသားကတော့ လော့ရီဖြစ်သည်။ တကယ်လို့သာ လော့ဖေးရဲ့နာမည်ကို လော့ရှင်းလို့ ပြောင်းလိုက်မယ်ဆိုရင်တော့ သားသမီး ၄ယောက်လုံးနာမည်ပေါင်းလိုက်ရင် ကံကောင်းပါစေ ဆိုတဲ့အဓိပ္ပါယ်ဖြစ်သွားနိုင်သည်။

"ငါအဆင်ပြေပါတယ်... နင်ရော ဘာလို့ခုထိမအိပ်သေးတာလဲ"

လော့ဖေး သူ့ညီမပုံစံကိုကြည့်ရင်းပြန်မေးလိုက်သည်။

"နင့်ကိုလာတွေ့တာလေ"

လော့ရူက မိန်းမသိပ်မဆန်ပေ။ သူ့ခန္တာကိုယ်က အရမ်းသန်မာပြီး အဖေနဲ့အမေရဲ့ခြေရာကိုနင်းနိုင်ကာ အလွန်ရဲရင့်သည်။ သူမက အပူပေးတဲ့အရာနားမှာထိုင်လိုက်ရင်း

စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုပါတယ်Où les histoires vivent. Découvrez maintenant