Part - 3 အဆက်

177 16 0
                                    

🔺part 3 အဆက်ပါပဲနော် ပြီးပြီထင်တာ ကျန်နေတာ ခုမှတွေ့လို့

Unicode

ဒီနေရာကို သန့်ရှင်းရေးလုပ်ခဲ့မယ်ဆိုရင်တောင် ရှင်းသန့်သွားမှာ မဟုတ်ဘူးဆိုတာကို လော့ဖေး သူ့ကိုပြောပြချင်စိတ်ပေါ်သွားရသည်။ လော့ဖေးအနေနဲ့ အရင်က ကြွေပြားကြမ်းခင်းနဲ့ အုတ်တွေကိုသာ မြင်ဖူးနေကျဖြစ်တာကြောင့် ဒီကမ္ဘာမှာသူတွေ့နေရတာတွေက မြေသားနံရံနဲ့ ရွှံ့ကြမ်းခင်းလေ ဘယ်လိုလုပ် သန့်ရှင်းနေတယ်လို့ မြင်နိုင်တော့မှာလဲ။

ဒါပေမဲ့ လော့ဖေး အိမ်ထဲဝင်လိုက်တဲ့အခါမှာတော့ အံ့ဩမှုကြောင့် သူ့ပါးစပ်တွေ မနေနိုင်စွာပွင့်ဟသွားရတော့သည်။ အခန်းက သူထင်ထားတာထက်ကို ပိုပြီး သန့်ရှင်းနေသည်လေ။ အဲ့ဒါတွေက မြေသားနံရံနဲ့ ရွှံ့ကြမ်းခင်းတွေပဲလေ ဒါပေမဲ့ ဘာလို့များ သူ့အိမ်ထက် ပိုပြီးသန့်ရှင်းနေရတာလဲ။

ကြမ်းပြင်က ရွှံနဲ့လုပ်ထားပေမဲ့လို့ ပြေပြစ်ချောမွေ့နေပြီး ပစ္စည်းတွေကလဲ နေရာတကျ ချထားသည်။ မီးဖို့နဲ့ စားပွဲတွေကတောင် အစွန်းအထင်းတွေလုံးဝရှိမနေပေ။ ဒါက ဒီလိုခေတ် ကျေးလက်ဒေသမှာ မြင်ရခဲတဲ့အရာ ဖြစ်သည်။ ဒီလို ခေတ်ကာလမှာ ဒီလိုမျိုး နေတဲ့သူရှိသေးတာလား။ မသိရင် ဒီအိမ်မှာ ဒီလိုသပ်ရပ်နေတာက အချိန်အကြာကြီး ရှိနေတာလို့တောင်ထင်ရသည်။

"ဒါတွေအကုန် မင်းလုပ်ထားတာလား.."

လော့ဖေးရင်ထဲမှာ နည်းနည်းထိတ်လန့်သွားပေမဲ့ မသိသာအောင် သစ်သားခုံကြီးပေါ်ထိုင်ချလိုက်ရင်း မေးလိုက်သည်။

"အင်း.. ရှင်းလို့တော့ မပြီးသေးဘူး.. ဒီအချိန်အတွင်း ငါရှင်းနိုင်သလောက် ရှင်းထားတာ.."

ရှီယန်ချင်း ပြန်ဖြေလိုက်သည်။ အဲ့ဒီနောက်မှာ သူ ခြင်းကို စားပွဲပေါ်တင်လိုက်ကာ တူနှစ်ချောင်းကိုထုတ်လိုက်ပြီး ခြင်းထဲက ဟင်းရွက်ချဉ်ခွက်လေးကို ထုတ်လိုက်ပြီးတော့ ခွက်နှစ်ခွက်ကိုပါ နေရာချလိုက်သည်။ အဲ့ဒီထဲကို ရေနွေးတွေ လောင်းထည့်လိုက်သည်။

သူ ပေါက်စီတွေရဲ့အခြေအနေကို မြင်သွားတာ သေချာပါတယ် ဒါတောင်မှ စိတ်ပျက်ပြီး စက်ဆုတ်သွားတဲ့ မျက်နှာဖြစ်မသွားဘူး။ သူပေါက်စီတစ်ခုကို ယူလိုက်ပြီး ရေနွေးနဲ့ သောက်စားနေသည်။

စေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ တောင်းဆိုပါတယ်Where stories live. Discover now