Zawgyi
ရှောင်ကျန့်မျက်လုံးစုံမှိတ်ပြီးအပင်
ပေါ်ကခုန်ချလိုက်တယ်..."ဟင်!!!ငါဘာမှလဲမဖြစ်ပါလား...နာလဲမနာ
ဘူး..."မျက်လုံးဖွင့်ကြည့်လိုက်တော့
မာကျောနေတဲ့မြေကြီးပေါ်မကျပဲနူးညံ့
နွေးထွေးတဲ့ရိပေါ်ရဲ့ရင်ခွင်ကျယ်ကြီးထဲ
ရောက်ရှိလို့နေတယ်...ရှောင်ကျန့်ခုန်ချတဲ့အရှိန်ကရိပေါ်ရဲ့စိုးရိမ်
စွာလှမ်းလာတဲ့ခြေလှမ်းတွေလောက်မမြန်
လေတော့ရှောင်ကျန့်မြေကြီးပေါ်မကျခင်
သူ့ရဲ့လက်၂ဖက်နဲ့ဖမ်းမိကာရင်ခွင်ထဲဆွဲ
ပွေ့ထားလိုက်တယ်လေ..."ပေါ်ပေါ် မင်းငါ့ကိုဘာလို့ဖမ်းထားတာလဲ...
မင်းကြောင့်ကိုယ်ဝန်ကမပျက်ကျတော့ပြန်
ဘူး..."အဲ့လိုပြောတိုင်းရိပေါ်ရဲ့နှလုံးသားကိုအစိမ်း
လိုက်မီးမြိုက်ခံရသလိုခံစားရတာရှောင်ကျန့်
မသိလေရှာ...
ရိပေါ်မျက်ဝန်းမှမျက်ရည်များစီးမကျလာပေ
မဲ့စိတ်ထဲမှာတော့ငိုကျွေးနေမိတာပေါ့...ဘာမှမပြောပဲရှောင်ကျန့်ကိုပွေ့လျက်သား
အိမ်ထဲသာခေါ်လာခဲ့လိုက်တယ်...
ရှောင်ကျန့်မှာတော့ခြေရောလက်ရောအငြိမ်
မနေပဲရုန်းကန်နေတာပေါ့...အိပ်ခန်းထဲရောက်တော့ကုတင်ပေါ်
ဖြည်းဖြည်းလေးချပေးလိုက်တယ်...
သူလဲဘေးမှဝင်ထိုင်တယ်..."ထွက်သွား ငါ့အခန်းထဲကခုထွက်သွား...
ဘာလဲ မင်းငါ့ကိုထပ်ပြီးအနိုင်ကျင့်အုံးမလို့
လား...""ရှောင်ရှောင် ငါမင်းကိုပြောစရာရှိလို့ပါကွာ..."
"မပြောနဲ့မကြားချင်ဘူး...ဒီလက်ထပ်ပွဲကိုလဲ
ငါလုံးဝလက်ခံမှာမဟုတ်ဘူး...ဒီကိုယ်ဝန်
ကိုလဲငါမရရအောင်ဖျက်ချပြမယ်...""ငါပြောတာခနလေးပဲနာထောင်ပေးပါကွာ..."
"ငါ ထွက်သွားလို့ပြောနေတယ်လေကွာ...
သွား သွား...မင်းမျက်နှာလဲငါမမြင်ချင်ဘူး...
မင်းအသံလဲမကြားချင်ဘူး..."
YOU ARE READING
အမုန်းမှစတဲ့ချစ်ခြင်းတရား 💔 👉 💖
FanfictionZawgyi ရှောင်ကျန့် ''ငါမင်းကိုအရမ်းမုန်းတယ်ပေါ်ပေါ်... ဒီကိုယ်ဝန်ကိုလဲငါမရ ရအောင်ဖျက်ချပစ်မယ်...'' ဝမ်ရိပေါ် ''ရှောင်ရှောင် မင်းကြိုက်သလောက်မောင့်ကိုမုန်း... မင်းဘယ်လောက်မုန်းမုန်း မောင်ကတော့မင်းကို ချစ်နေမှာပဲ...'' Unicode ရှောင်ကျန့် ''ငါမင်းကိုအရမ...