အပိုင်း - ၁၉

374 30 5
                                    

Zawgyi

ရှောင်​ယွီအ​နောက်​ကိုဖြည်းဖြည်းချင်းလှည့်
ကြည့်​လို့လာ​တော့မြင်​လိုက်​ရသူမှာ...

"ဒီ!!!..."

ဟုတ်​ပါတယ်​...
၆နှစ်​​လောက်​ကွဲကွာ​နေခဲ့ရတဲ့ပြန်​လဲ​တွေ့ချင်
မိ​ပေမဲ့​တွေ့လဲမ​တွေ့ချင်​​တော့တဲ့သူ့ရဲ့ဒယ်​ဒီ
ဝမ်​ရိ​ပေါ်...

ဝမ်​ရိ​ပေါ်
"သမီး​လေး..."

ရိ​ပေါ်မျက်​ရည်​​တွေဝဲတက်​လာပြီးချိုသာ​သော
အပြုံးနဲ့လက်​၂ဖက်​ဆန့်​တန်းကာသူ့ရင်​ခွင်
ကြီးဆီ​ရှောင်​ယွီ​လေး​ပြေးဖက်​ဖို့​မျှော်​လင့်​ရင်း
ခေါ်လိုက်​​လေတယ်​...

ဒါ​ပေမဲ့​မျှော်​လင့်​သလိုဖြစ်​မလာခဲ့...
ရှောင်​ယွီက​နောက်​ကိုပါ​ခြေလှမ်း​တွေဆုတ်
သွားပြီး​မောင်​​လေး၂​ယောက်​ကိုသူ့​နောက်
မှာ​နေခိုင်းကာလက်​နဲ့လဲကာထား​လေ
တယ်​...

ဝမ်​ရိ​ပေါ်
"သမီး​လေး...အရင်​လိုဒယ်​ဒီ့ဆီ​ပြေးမလာ
တော့ဘူးလား..."

ဝမ်​​ရှောင်​ယွီ
"ဟင့်​ ဒီ...ဒီ သမီးတို့ကိုဘာ​တွေထပ်​ပြီး
ဒုက္ခ​ပေးအုံးမလို့လဲဟင်​...သမီးတို့ကိုထပ်​ပြီး
သတ်​မလို့လား..."

ရှောင်​ယွီ​ပြောတာရိ​ပေါ်ဘာ၁ခုမှမသိပါ...

ဝမ်​ရိ​ပေါ်
"သမီး​လေးဘာ​တွေ​ပြော​နေတာလဲ...
ဒယ်​ဒီကသမီးတို့ကိုဘာလို့သတ်​ရမှာလဲ..."

ရိ​ရှောင်းနဲ့ရိကျန့်​ ​ရှောင်​ယွီ့အ​နောက်​က​နေ
ခေါင်း​လေးပြူ ကြည့်​ရင်း...

ဝမ်​ရိ​ရှောင်း
"မမ အဲ့ဒါဘယ်​သူလဲ..."

ဝမ်​ရိကျန့်
"မမ အဲ့လူကြီးကသူ့ကိုယ်​သူဒယ်​ဒီလို့​ပြော
နေတာ...အဲ့ဒါသားတို့ရဲ့ဒယ်​ဒီလားဟင်​..."

ဝမ်​ရိ​ပေါ်
" သားသားရိကျန့်​နဲ့သားသား ရိ​ရှောင်းမလား...ဒယ်​ဒီ့ဆီလာပါအုန်း..."

ရိ​ပေါ်​ရှေ့တိုးလို့လာခဲ့တယ်​...

ဝမ်​​ရှောင်​ယွီ
"မလာနဲ့...မလာခဲ့နဲ့...အီးဟီး​ ​မောင်​​လေး​တွေ
ကိုဘာမှမလုပ်​ပါနဲ့မီးမီး​တောင်းပန်​ပါတယ်​..."

အမုန်းမှစတဲ့ချစ်ခြင်းတရား 💔 👉 💖Où les histoires vivent. Découvrez maintenant