အပိုင်း - ၉

536 27 0
                                    

Zawgyi

ရိ​ပေါ်အိပ်​​နေတဲ့အခန်းထဲဝင်​သွားပြီးအိပ်​​နေ
တဲ့ရိ​ပေါ်ကိုလှုပ်​နိုးကာ...

"​မောင်​...​မောင်​ကအိပ်​​ပျော်​​နေတာပဲ...
ထပါအုံး​မောင်​ရဲ့..."

ရိ​ပေါ်နားထဲ"​မောင်​..."လို့​ခေါ်​နေတဲ့အသံ
ချိုချို​လေးကိုကြားလိုက်​ရ​တော့အိပ်​မက်​များ
လားထင်​​ယောင်​​နေမိတယ်​...
ထပ်​ခါထပ်​ခါကြား​နေရ​လို့မျက်​လုံးဖွင့်
ကြည့်​လိုက်​​တော့တကယ်​ပဲသူ့ရဲ့
ချစ်​ရသူ​လေးဖြစ်​​နေတယ်​...

ရိ​ပေါ်မျက်​လုံးများပွတ်​သပ်​ကာထလာပြီး...

"​ရှောင်​​ရှောင်​မင်းငါ့ကို​မောင်​လို့​ခေါ်လိုက်
တာလား..."

"​မောင့်​ကို​မောင်​လို့မ​ခေါ်လို့ဘယ်​လို​ခေါ်ရ
မှာလဲ​မောင်​ရဲ့...လာ အခန်းထဲမှာသွား
အိပ်​ရ​အောင်​..."

"ဟမ်​ အင်း..."

{ ​ရှောင်​​ရှောင်​များ​နေမ​ကောင်းဖြစ်​​နေတာလား...
ငါပဲခုထိအိပ်​မက်​ကမနိုး​သေးတာလား... }

ရိ​ပေါ်​ကြောင်​​တောင်​​တောင်​နဲ့သာ​ရှောင်​ကျန့်
လက်​ဆွဲ​ခေါ်​ဆောင်​ရာပါလာခဲ့​တော့တယ်​...

အိမ်​အကူမ​လေးကလဲအစဆုံးလိုက်
ကြည့်​​နေရှာတယ်​​လေ...

ရှောင်​ကျန့်
"သွားမအိပ်​​သေးပဲဘာရပ်​လုပ်​​နေ​သေး
တာလဲ..."

အိမ်​အကူမ​လေး
"အမ်​ ဟုတ်​ကဲ့သခင်​​လေး..."

အဲ့​တော့မှ ကမန်းကတန်းနွားနို့ခွက်​တင်
ထားတဲ့​ဗန်း​လေးကိုင်​ပြီးပြန်​ထွက်​သွား​လေ
တယ်​...

ရှောင်​ကျန့်​အခန်းထဲ​ရောက်​တာနဲ့သူဆွဲလာ
တဲ့ရိ​ပေါ်ရဲ့လက်​ကိုလွှတ်​ချလိုက်​တယ်​...

"မင်းကြမ်းပြင်​​ပေါ်မှာအိပ်​ချင်​အိပ်​...
မအိပ်​ချင်​ရင်​ဆိုဖာ​ပေါ်မှာအိပ်​..."

"မင်းနဲ့အတူကုတင်​​ပေါ်မှာအိပ်​လို့မရဘူး
လား..."

"လုံးဝမစဉ်းစားလိုက်​ပါနဲ့...​အော်​ မင်းအထင်
လွဲ​နေမှာဆိုးလို့ငါ​ပြောလိုက်​အုံးမယ်​...
ခုနက​မောင်​လို့​ခေါ်တာဟိုအိမ်​အကူ​ရှေ့မှာ
မို့လို့​နော်​...မင်းကိုအခန်းထဲ​ခေါ်လာတာလဲ
ငါတို့၂​ယောက်​အခန်းခွဲအိပ်​မှန်းမာမီသိရင်
စိတ်​မ​ကောင်းဖြစ်​မှာဆိုးလို့...
မင်းငါ့ဆီကဘာမှ​မျှော်​​လင့်​မ​နေနဲ့..."

အမုန်းမှစတဲ့ချစ်ခြင်းတရား 💔 👉 💖Donde viven las historias. Descúbrelo ahora