" Hyunie ဘယ်မှာလဲ "
" Hyunie အပြင်မှာ ကလေး အလုပ်ကိစ္စ ပြောနေလို့ နောက်မှ ပြန်ဆက်လိုက်မယ်နော် "
တီ............
ပြတ်တောက်သွားတဲ့ လေလှိုင်းကြား အသက်ရှုရပ်ပီး သေဆုံးပစ်ချင်လာတယ် လမ်းမ တဖက်ခြမ်းက ကော်ဖီဆိုင်ထဲမှာတော့ ချစ်ရတဲ့ အမျိုးသမီးရဲ့လက်ေချာင်းသွယ်သွယ်ကေလးဟာ စားပွဲခုံပေါ်မှာ သူမဟုတ်တဲ့ အခြားတယောက်ရဲ့ လက် နဲ့ ထပ်တူကျရင်း နှစ်နှစ်ကာကာ အပြုံးတွေဝေလို့
ကောင်းကင်မှာ တိမ်တွေက ညိုတယ် ဆူးလ်ဂီ ရဲ့ ကမ္ဘာက ပြိုတယ် မိုးစက်ေတွကြား မျက်ရည်က ယိုတယ်
ဒီနေ့က သူမတို့ ချစ်သူသက်တမ်း 6 လပြည့်တဲ့နေ့ ဂျူဟွန်းလ်တွက် သူမ လက်ဆောင် ဝယ်ပီး ပြန်လာရင်း ဂျူဟွန်းလ် ကြိုက်တဲ့ ကိတ် ကို ဝယ်ရန် သူမ တို့ ထိုင်နေကျ ကော်ဖီဆိုင်ကို ရောက်လာခြင်းဖြစ်သည် ကားလမ်းတဖက်ခြမ်းမှာ သေလူလို မလှုပ်မရှပ် ရပ်နေတဲ့ ဆူးလ်ဂီ မိုးစက်တွေ တဖြောက်ဖြောက်နဲ့ ကျလာလည်း သူမ ရပ်စဲပဲ
" ခင်ဗျား ရီလိုက်ရင် သိပ်ချစ်ဖို့ကောင်းတာပဲ Hyunie ငါ မဟုတ်တဲ့ အခြားလူကို ပြုံးပြနေတဲ့ ခင်ဗျားက သိပ်လှတာပဲ "
ဆူးလ်ဂီ ကော်ဖီဆိုင်ကို ကျောခိုင်းလိုက်တယ် မိုးက သည်းပီရင်း သည်းလာတယ် သူမ ထီးမပါလာဘူး
ရုတ်တရက် ရွာချတဲ့ မိုးကို သူမ သိပ်ကျေးဇူးတင်နေမိတယ် ကော်ဖီဆိုင်ရှေ့က သူမ ရဲ့ ခြေရာတွေကုိမိုးစက်တွေက ဆေးချပေးသွားလို့" ငါ ဒီနေ့ Hyunie တွက် လက်ဆောင်သွားဝယ်တယ် ပြီးတော့ အိမ်ပြန်တယ် ရပီ ငါ ကော်ဖီဆိုင် မရောက်ခဲ့သလို သူ့ကိုလည်း ငါ မတွေ့ခဲ့ဘူး စိတ်ကပ်စမ်း ဆူးလ်ဂီဂန် ငါ ချစ်တဲ့ ဂျူဟွန်းဘယ်လ်က ဆေးရုံမှာ အလုပ်ရှုပ်နေတဲ့ ဆရာဝန်တယောက်ပဲ "
သည်းသည်းမဲမဲ ရွာချနေတဲ့ မိုးစက်တွေက ဆူးလ်ဂီကို ညိုးနေသလား အရုပ်ကြိုးပျက်လို တလှမ်းချင်း လှမ်းနေတဲ့ သူမ ကို လူတွေက ကွက်ကြည့်သွားလည်း သူမ မမှုနိုင် ဆောင်းဦးမှာ ရွာတဲ့ မိုးမို့ အအေးက ကဲသည် လျှောက်လာရင်း သူမ ခြေလှမ်းတွေ ရပ်တန့်သွားတယ် နှာခေါင်းထဲ ဝင်လာတဲ့ ပန်းရနံ့တွေက သူမ အာရုံကို ဖမ်းစားနေပီမို့
YOU ARE READING
CHEATINE ....ON....YOU
Fanfiction" မျက်လုံးမှိတ်တိုင်း ရောက်သွားတဲ့ အတိတ်ထဲ မင်း ရှိနေခဲ့ရင် မျက်လုံးပြန်ဖွင့်လို့ ရောက်နေမယ့် လက်ရှိချိန်တိုင်း ဘေးနားမှာ မင်း ရှိနေစေချင်ရဲ့"