လိုက်ကာ ကြားက ဖြာကျလာတဲ့ နေရောင်ခြည် နွေးနွေးလေးကြောင့် နိုးနေတာတောင် မျက်လုံး မဖွင့်ချင် နှာခေါင်းထဲ တိုးဝင်လာတဲ့ ကိုယ်သင်းနံ့ သင်းသင်းလေးကြောင့် ဆူးလ်ဂီ ပြုံးမိတယ် နောက် မျက်လုံးဖွင့်ကြည့်တော့ ဖြူနုနု ကျောပြင်ငယ်လေးသူမ အနောက်ကနေ ခါးကိုဖက်လိုက်တော့ လှုပ်ရွလာတဲ့ ခန္ဓာငယ်ကြောင့် နိုးပြီ ထင်ပေမယ့် သူမ နဲ့ မျက်နှာချင်းဆိုင်လျက် အိပ်ပျော်နေတဲ့ ချစ်ရသူရဲ့ ခပ်လှလှ မျက်နှာလေးကို တဝ ငေးရင်း
" ငေးလို့ ဝ ရဲ့လား "
" ဟော နိုးနေတာလား Hyunie"
" ကြာပေါ့ သဲငယ် ခါးလာဖက်ထဲကပဲ "
" အဲ့တာကို "
" နှုတ်ခမ်းကြီးဆူမနေနဲ့ ဘာလဲ အနမ်းခံချင်သေးတာလား "
" တော်ပါ နှုတ်ခမ်းတွေ နာနေပြီ ခင်ဗျား တအားဆိုးတာပဲ Hyunie "
" ဟော ဟော ကလေးမ အဲ့ မျက်စောင်းက ဘာလဲ ညက ကျ အဲ့အသံ မဟုတ်ပါဘူးနော် "
" JooHyun Bae "
ရဲတက်သွားတဲ့ မျက်နှာကို စောင် နဲ့ အုပ်ရင်း ရှက်နေတဲ့ ကလေးမ ကို ကြည့်ကာ ဂျူဟွန်း ရီမောနေမိတယ် နောက် အတွေးထဲကနေလည်း
☁️" ဒီလို မနက်ခင်းတိုင်းသာ နေ့တိုင်း နိုးထခွင့်ရရင် ဘယ်လောက်ကောင်းမလဲ သဲငယ် " ☁️
" ဒီမနက် အတန်းချိန် ရှိသေးတယ်မလား ဆူးလ် ထတော့ နောက်ကျနေမယ် "
ဆူးလ်ဂီ စောင်ပုံထဲက ရှက်ရှက်နဲ့ ကောက်ထ မိတော့ စူးပြီးအောင့်တက်လာတဲ့ အောက်ပိုင်းကြောင့် ခြေထောက်လေးလိမ်ကာ ကုတင်ပေါ် ပြန်ထိုင်ရင်း စုတ် တချက်သတ်မိတော့
" ဘာဖြစ်တာလဲ Kang နာလို့လား မ ကိုပြစမ်း "
" ဟာ မ ကလည်း မနာဘူးရတယ် ထပြီ "
ရေချိုးခန်းထဲ ခေါင်းကိုငုံ့ကာ စောင်ကြီးပတ်ပြီး ပြေးဝင်သွားတဲ့ ကလေးမ ကို ခေါင်းတခါခါ ရီမိပြီးမှ အေးပြီးစိမ့်လာလို့ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ မိမွေးတိုင်း ဖမွေးတိုင်း
တနေ့တာကို စတင်ဖို့ ဂျူဟွန်းလ် အကြောဆန့်လိုက်ရင်း အဝတ်တွေ ပြန်ကောက်ဝတ်ကာ မနက်စာ ပြင်ဖို့ မီးဖိုခန်းထဲ တန်းဝင်လိုက်တော့တယ်
YOU ARE READING
CHEATINE ....ON....YOU
Fanfiction" မျက်လုံးမှိတ်တိုင်း ရောက်သွားတဲ့ အတိတ်ထဲ မင်း ရှိနေခဲ့ရင် မျက်လုံးပြန်ဖွင့်လို့ ရောက်နေမယ့် လက်ရှိချိန်တိုင်း ဘေးနားမှာ မင်း ရှိနေစေချင်ရဲ့"