" Kang ထတော့ မနက်စာစားရအောင် "" 5 Min လောက်ပဲ Hyunie "
" မရဘူးကွာ ခုထ Hyunie အလုပ်သွားလိုက်ရမလား ဒီနေ့ "
" ဟင့်အင်း ခုထပြီ "
စောင်ပုံထဲက ငေါက်ခနဲထထိုင်ကာ အသည်းသန် ရေချိုးခန်းထဲ ပြေးဝင်သွားတဲ့ ဝက်ဝံညိုလေးကိုကြည့်ကာ ဂျူဟွန်း ခေါင်းတခါခါ နဲ့ ရီမောနေမိတယ်
" Kang သွားသေချာတိုက်နော် မြန်မြန်လုပ်ပြီးထွက်မလာနဲ့ ထပ်ပြီး သွားတွေပြန်ကိုက်မယ် "
" ဟုတ် Mom "
ဂျူဟွန်း ရဲ့ အမှာစကားကြောင့် သွားတိုက်ရင်း ပြုံးနေတဲ့ ဆူးလ်ဂီ ရဲ့ အဖြေစကားကြားပြီး ရီမောပြီး အခန်းထဲက ထွက်သွားတဲ့ ဂျူဟွန်း
" ဒီနေ့ ဘယ်အရင်သွားမလဲ "
" ရုပ်ရှင် အရင်ကြည့်မယ် ပြီးရင် Hotpot ဆိုင်သွားမယ် ပြီးရင် ကစားကွင်း ..."
" wait What? ကစားကွင်း ? Kang မင်း အရွယ်ကြီးနဲ့ "
ထမင်းစားနေတဲ့ ဇွန်းကို ချရင်း ဂျူဟွန်း ဘေးက ခုံကို လှစ်ခနဲဝင်ထိုင်ကာ ဂျူဟွန်း လက်မောင်းကိုကိုင်ရင်း မျက်နှာငယ်လေး လုပ်ကာ
" မ ကလည်း လုပ်ပါနော် ကလေး သွားချင်လို့ပါ မသွားရတာ တအားကြာလှပြီ နော် လိုက်ပို့ပါနော် နော် မ နော် လို့ "
မျက်နှာငယ်လေးလုပ်ကာ အချွဲတသိန်းနဲ့ တ နော် ထဲ နော် နေတော့လည်း ဂျူဟွန်းလ်ဘယ် တယောက်ခံနိုင်ရိုးလား
" omm omm သွားမယ် သွားမယ် "
" Yayyyyyy ဒါမှ ဟွန်းနီးလ် ကွ "
ပါးတဖက်ကို လှစ်ခနဲ ဆွဲနမ်းကာ သူမဟုတ်သလို ထမင်းသွားပြန်စားနေတဲ့ သူကို ကြည့်ကာ ဂျူဟွန်း သူ့ပါးသူပြန်ကိုင်ရင်း မျက်မှောင်တဖြည်းဖြည်းကျုံ့ လာကာ
" Kang ပါးမှာ ဆီတွေ ပေကုန်ပြီ ကလေးစုတ်ရဲ့ "
" ဟီးးးး "
" မင်း ကို အသက်ပြည့်ပြီးပီလို့ပြောရင် ဘယ်သူမှ မယုံဘူး သိလား "
" ကျမ အသက်ပြည့်လားမပြည့်လား ရှင်သိပါတယ် Hyunie ရဲ့ "
တမင်လုပ်ပြောလိုက်တဲ့ လေသံကြောင့် ဂျူဟွန်း ထမင်းတောင်နင်မတတ်
YOU ARE READING
CHEATINE ....ON....YOU
Fanfic" မျက်လုံးမှိတ်တိုင်း ရောက်သွားတဲ့ အတိတ်ထဲ မင်း ရှိနေခဲ့ရင် မျက်လုံးပြန်ဖွင့်လို့ ရောက်နေမယ့် လက်ရှိချိန်တိုင်း ဘေးနားမှာ မင်း ရှိနေစေချင်ရဲ့"