'' အားးးး ကောင်းလိုက်တဲ့ လေလေး ´´အချိန်က ည ၉ နာရီ ကျော်ကျော်လေး ဂျူဟွန်းအိမ်ရဲ့ ဝရန်တာ မှာ ဆူးလ်ဂီ ဒူးလေး နှစ်ဖက်ကို ပိုက်ကာ ထိုင်နေပီး ဘေးမှာက မဖောက်ရသေးတဲ့ ဘီယာဘူးလေး
ကိုယ်ချစ်ရတဲ့သူ အခြားလူတစ်ယောက်နဲ့ အတူရှိနေတာကို သိနေပီး အခုချိန် သူတို့ ဘာလုပ်နေကြမလဲ ဆိုတဲ့ ကလေးဆန်ဆန် အတွေးက ရီလည်းရီရတယ် ငိုလည်းငိုရတယ် ရင်ဘတ်ကြီးကလည်း အတွေးနဲ့တင် သေအောင်ကို နာတယ်ကွယ်
ကျတော့မယ့် မျက်ရည်တွေကို နင် ဝင်ပြန်နေစမ်းဆိုပီး ကောင်းကင်ကြီးကို မျက်နှာမူလည်း ကျဖြစ်အောင်ကို ကျသွားသေးတယ် ဒီလောက်ငိုထားတာတောင် မကုန်သေးဘူး ဒီသောက်မျက်ရည်တွေ
ဝေဝါးနေတဲ့ မျက်လုံး တဖြည်းဖြည်း ကြည်လာမှ အားကိုးတကြီး မျက်နှာမူထားတဲ့ ကောင်းကင်ကြီးကပါ မှောင်မိုက်လို့ ကြယ်တွေက ဟို တဖျောက် ဒီ တစ်ဖျောက်
ထိုင်နေမိတာ ညနေ ၆ နာရီ စွန်းစွန်းလေးထဲက လက်ဖျားထိပ်က အစ တကိုယ်လုံး အေးစက်နေတာတောင် ရင်ထဲက အပူ ကို မမှီတော့ ခက်သား
တံခါးဖွင့်သံ ကို ဆူးလ်ဂီ ကြားတယ် သူမ ဖိနပ်ကို တွေ့လို့ သူမ နာမည်ကို ဂျူဟွန်း အော်ခေါ်နေတာလည်း ကြားတယ် လည်ချောင်းထဲကနေ စကားလုံး တလုံးမှ မထွက်လာဘူး မဟုတ်ဘူး မထွက်ရဲတာ
ဂျူဟွန်း အသံကြားလေ ငိုချချင်လေ သူခေါ်နေတာကို ပြန်ထူးရင် သူမ အသံက ကမ္ဘာပြိုနေတဲ့ အသံမို့နောက်ကျောလေး နွေးသွားတယ် သူမ ပုခုံးလေးကို လက်တစ်စုံ လာပွေ့တယ် ဘယ်ဘက် နား လေးထဲ အသက်ရှုသံ တသဲ့သဲ့လေး ဝင်လာတယ် စကားတခွန်းနဲ့ အတူ ဘယ်ဘက် ပါးလေး နွေးခနဲပဲ
'ခေါ်နေတာကို ဘာလို့မထူးတာလဲသဲငယ် ´
'' အတွေးများနေတာ မကြားလိုက်မိလို့ ´´
အာ့ကြောင့်မထူးတာပါဆို တကယ်ကို ထိန်းလိုက်တဲ့ကြားထဲက သောက်အသံက ကမ္ဘာပြိုနေတဲ့ အသံ
ဆူးလ်ဂီ အသံကြားကြားချင်း ဂျူဟွန်း ပုခုံးကို ဆွဲလှည့်ပီး
'' ဆူးလ် မ ကို ကြည့်စမ်း ငိုထားတာလား ဘာဖြစ်လို့လဲ ဘယ်သူ့ကြောင့်လဲ မ မေးတာ ဖြေ ´´
YOU ARE READING
CHEATINE ....ON....YOU
Fanfic" မျက်လုံးမှိတ်တိုင်း ရောက်သွားတဲ့ အတိတ်ထဲ မင်း ရှိနေခဲ့ရင် မျက်လုံးပြန်ဖွင့်လို့ ရောက်နေမယ့် လက်ရှိချိန်တိုင်း ဘေးနားမှာ မင်း ရှိနေစေချင်ရဲ့"