" မ ဆီ ပြန်လာတော့လေ " လို့ သူ လည်း မပြောတော့သလို ကိုယ် လည်း ပြန်မသွားဖြစ်တော့ဘူး
ကိုယ်တို့တွေ တကယ်ကို နီးရက်နဲ့ ဝေးသွားကြပြီ အချစ်ရေ တွေးရင်း ဆွေးရင်း အလွမ်းစိုင်တွေကြား လမ်းထပ်ပျောက်ခဲ့ရတဲ့ စနေ နေ့ ညချမ်း ကလေးပါပဲ ချစ်သောရေ .......
" နှောင်ကြိုးလေးက တရစ်ရစ် နဲ့ ပြေကျသွားတယ် သည်းညှာ ကိုယ်သတိရလို့ ပြန်လှည့်အကြည့်မှာ ကြိုးစလေးဟာ အစကတည်းက သေချာမှ မချည်ထားခဲ့မိတာ ကိုယ့် အမှားတွေပါပဲလေ "
" အတူရှိခဲ့ဖူးတဲ့ မြို့ငယ်လေးမှာ တစ်ယောက်တည်း အဆင်ပြေရဲ့လား သည်းညှာ မလွမ်းဘူးလို့ မပြောပါနဲ့ မုသာဝါဒ ကံ ထိုက်မယ် သည်းညှာရဲ့ "
" ကော်ဖီ တွေက သိပ်ခါးတာပဲ သည်းညှာ သကြားဘယ်လောက်ထည့်ထည့်ကို မချိုတော့ဘူး သည်းညှာရဲ့ အချစ်တွေ လိုပဲ "
" စားပွဲရဲ့ တဖက်ခုံက ထမင်းပန်းကန်လေးက မေးနေတယ် သည်းညှာ ထမင်း ရော အချိန်မှန်မှန် စားရဲ့လားတဲ့ "
Update လို့ ထင်သွားတယ် ဟုတ် 😂 ယူ တို့ သာသာ အဖီးလ်တလိုင်း မုဒ် ဝင်နေလို့ပါ 🙇
အတူ ဖီးလ် ချင် ဝင် ဖီးလ်သွားလို့ရတယ်ဗျာ😂
YOU ARE READING
CHEATINE ....ON....YOU
Fanfiction" မျက်လုံးမှိတ်တိုင်း ရောက်သွားတဲ့ အတိတ်ထဲ မင်း ရှိနေခဲ့ရင် မျက်လုံးပြန်ဖွင့်လို့ ရောက်နေမယ့် လက်ရှိချိန်တိုင်း ဘေးနားမှာ မင်း ရှိနေစေချင်ရဲ့"