" ဆူးလ်ဂီ ဟိုမှာ ဂျူဟွန်းလ် Unnie မလား "
SooYoung ပြတဲ့ အကျီဆိုင်ထဲ ဆူးလ်ဂီ လှမ်းကြည့်လိုက်တယ် ဒါပေါ့ အဲ့တာ ဂျူဟွန်းလ်လေ ငါ့ ချစ်သူလေ မဟုတ်ဘူး ငါ ချစ်နေရတဲ့ လူ က သူ့ အရင်ရည်းစား ဒါမှမဟုတ် ခု ရည်းစားလား နက်တိုင်ကို သေချာစီးပေးလို့ စကားတွေပြောလိုက် ရီမောလိုက် သိပ်ချစ်တဲ့ ချစ်သူတွေလိုလို ညားခါစ ကြင်စဦးတွေလိုလို
" အဲ့လူ က ဘယ်သူလဲ ဂျူဟွန်းလ် Unnie က ဘာ အချိုးလဲ Seulgi "
" သူ့ အကို တစ်ဝမ်းကွဲပါ ထားလိုက် လာ သွားကြမယ် "
" ဟဲ့ အကို ဆို သွားနှုတ်ဆက်မလား အဆင်ဟယ် နင် နဲ့ ငါ အမျိုးတော်တော် "
" အရေးထဲ နှာဘူးမ က တမျိုး လာပါဟယ် ငါ ခေါင်းကိုက်လာလို့ပါ ပြန်မယ် လာ "
ဆူးယောင်းလက်ကို ဆွဲကာ ဂျူဟွန်း မမြင်ခင် ထိုနေရာကနေ ဆူးလ်ဂီ မပြေးရုံတမယ် ထွက်ခဲ့မိတယ်
" ဟဲ့ နေဦးလေ Yeri ကို စောင့်"
" လာပါပီ နင်တို့ကလည်း အသည်းသန်ပဲ စောင့်ပါဆိုတာကို "
" ဘယ်သွားကြမှာလဲ "
" မယ်တော်ချောက ခေါင်းကိုက်လို့တဲ့ Yeri "
" ဒါဆို ပြန်ကြမလား Seulgi "
" omm ပြန်မယ် Yeri "
" ဒါဆို ငါ မလိုက်တော့ဘူး သွားစရာရှိသေးတယ် "
" ရလား ငါတို့ လိုက်ပို့မယ်လေ "
" ရတယ် ငါ့ဘာသာသွားမယ် Bye ချင်းဂူးတို့ "
ဆူယောင်းထွက်သွားတော့ ဆူးလ်ဂီ နဲ့ ယယ်ရီ ကားပေါ်ဝင်ထိုင်လိုက်ကြတယ်
" နင် သိနေခဲ့တာလား ဆူးလ် "
" ဘာကိုလဲ "
" ဂျူဟွန်း Unnie "
" နင် ဘယ်လို "
ဆူးလ်ဂီ အံ့ဩစွာမေးတော့ ယယ်ရီ စကားကိုဖြတ်ပြောရင်း
" လွန်ခဲ့တဲ့ တလကျော်လောက်က Cafe ဆိုင်မှာ တွေ့ခဲ့တာ အပြုအမူတွေက အသိမိတ်ဆွေလို့ ပြောလို့မရဘူးလေ ဘယ် အသိမိတ်ဆွေက နမ်းပီး နှုတ်ဆက်လို့လဲ ဆူးလ်ဂီ နောက်ပီး အခု နင် သူ့ကိုတွေ့တာတောင် ကျောခိုင်းပြန်လာတယ်မလား နင် ဘာတွေတွေးနေတာလဲ ဆူးလ် "
YOU ARE READING
CHEATINE ....ON....YOU
Fanfiction" မျက်လုံးမှိတ်တိုင်း ရောက်သွားတဲ့ အတိတ်ထဲ မင်း ရှိနေခဲ့ရင် မျက်လုံးပြန်ဖွင့်လို့ ရောက်နေမယ့် လက်ရှိချိန်တိုင်း ဘေးနားမှာ မင်း ရှိနေစေချင်ရဲ့"