Part - 2

201 19 0
                                    

Unicode

Part-2

ယိုင်ကျသွားသောသူ့ကို ရှင်မိ လှမ်းထိန်းလိုက်သော်လည်း အားချင်းမမျှသည့်အတွက် လှဲမကျရုံတမယ်ပင်ဖြစ်သွားရသည်။တစ်ရက်တည်းမှာပင် ဖခင်က အက်ဆီးဒင့်ဖြစ်ကာ ဆုံးပါးသွားခဲ့ပြီးမိခင်ဖြစ်သူမှာလည်း နဂိုနှလုံးရောဂါအခံဖြင့် ​ေရှာ့​ဖြစ်ပြီးလဲကျသွားခဲ့လေသည်။ထိုတစ်ရက်သည်က သူပထမဦးဆုံးဘိလပ်မှမြန်မာ​ပြည်သို့ပြန်လာသည့်နေ့....မိဘအိမ်သို့ဦးစွာပြန်ရောက်လာသည့်နေ့ပင်ဖြစ်သည်။

"အကိုလေး သတိထားပါဦး"

အလိုမတူစွာစီးကျလာနေသော မျက်ရည်စတို့အား အံတင်းတင်းကြိတ်လျက် မင်းမထီရာ သုတ်ပစ်လိုက်လေသည်။ထို့နောက် လဲကျနေသောမိခင်အားပွေ့ချီလျက် ဆေးရုံသို့ဦးစွာသွားရန်ပြင်ဆင်တော့သည်။အိမ်၏ထောက်တိုင် ကွယ်ပျောက်သွားပြီဖြစ်သော်လည်း အိမ်၏မှီခိုရာမိခင်အား ထပ်မံအဆုံးရှုံးမခံနိုင်ပေ။

"ရှင်မိ မနက်ကျ ချက်စရာရှိတာချက်ပြုတ်ပြီး ဆေးရုံလာပို့ပေးချေ။"

"အကိုလေး တစ်ယောက်တည်းသွားလို့ဖြစ်ပါ့မလား"

"ရတယ် ရှင်မိ။ငါသွားနိုင်သေးတယ်။ရှင်မိသာ မနက်ကျ အကို​လေ​းပြောတဲ့အတိုင်း လုပ်ပါ။ဪ ပြီးတော့ အကိုလေး မေမေ့ကိုဆေးရုံပို့ပေးပြီးတာနဲ့ ဖေဖေ့ကိစ္စ လိုက်ရအုံးမယ်။ရှင်မိက ကားဆရာဦးကြီးနဲ့အတူ နာရေးကိစ္စ ဦးစီးထားလိုက်ချေဦး။"

"ဟုတ် အကိုလေး"

ထို့နောက် မိခင်အား ပွေ့ချီကာ ထွက်သွားသောသူ့အား မျက်ရည်ဝေ့ဝဲလျက် ရှင်မိငေးကြည့်မိသည်။ရှင်မိကိုယ်တိုင်လည်း ဦးနဲ့ဒေါ်ဒေါ်တို့အား မိဘရင်းသဖွယ်မှတ်ယူထားသူပင်ဖြစ်သဖြင့် နာကျင်ရသည်။သို့သော် သူ၏နာကျင်ပူဆွေးမှုတို့က အကိုလေးနှင့်ယှဥ်လျှင် ဘာမှမပြောသာခဲ့ပေ။သူတောင်ဒီလိုနာကျင်နေရပါက အကိုလေးသာဆို ပိုလို့တောင်နာကျင်ဝမ်းနည်းရမည်ကို ရှင်မိ တပ်အပ်သိသည်။ငယ်စဥ်ကတည်းက ခံစားချက်ထုတ်မပြောတတ်သည့်အပြင် ဝမ်းနည်းမှုတို့အား မျိုသိပ်ထားတတ်သူပင်ဖြစ်သည်။

" My Husband In 1963" Where stories live. Discover now