Part : 3

183 19 3
                                    

Unicode

Part:3

ပါးလွှာသောလိုက်ကာစကိုသာ တပ်ဆင်ထားခြင်းကြောင့် နံနက်ခင်းနေရောင်ခြည်တို့သည်လည်း ပြတင်းပေါက္မှန်အားထိုးဖောက်ကာ ကုတင်ပေါ်သို့ဖြန့်ကျက်နေ၏။ကုတင်၏ထောင့်စွန်း၌ ပြုတ်ကျရန်အနည်းငယ်သာလိုတော့သည့်ကောင်လေးတစ်ယောက္မှာမူ အိပ်ပျော်နေလျက်ပင်ဖြစ်သည်။ရုတ်တရက်ထမြည်လာသောနိှုးစက်သံသည်ပင် ထိုကောင်လေးအား နိုးထလာအောင်မပြုလုပ်နိုင်ခဲ့ချေ။လျှော်ရမည့်အဝတ်အစားများဖြင့်ရှုပ်ပွနေလျက် အခန်းတစ်ခုလုံးသည်အမှိုက်ပုံသဖွယ်ဖြစ်နေခဲ့ပြီး မြွေပင်ဝင်ခွေနိုင်လောက်ပေသည်။ထို့အပြင် Dutyကုတ်သည်လည်း လျှော်မည့်အဝတ်အစားထည့်သည့်ခြင်းထဲသို့ အပြည့်ဝင်မနေဘဲ အပြင်ဘက်သို့တစ်ဝက်လျောကျနေခဲ့သည့်အပြင် အတွင်းခံဘောင်းဘီသည်လည်း ခေါင်းရင်းသို့ တက်ချိတ်နေခဲ့လေသည်။တစ်ခန်းလုံးခြုံငုံကြည့်မည်ဆိုပါက "ကုလားသိုက်ကျားဝင်ကိုက်ထားသလို"အနေအထားဖြစ်နေခဲ့သည်။

"ဒုန်း.....ဒုန်း......ဒုန်း ဟဲ့ မထသေးဘူးလား နေကနင့်ဖင်ကို အလင်းနဲ့ထိုးနေပြီ။နင်ကတော့ခုထိသေတော်မူနေတုန်း"

"အင်း...အဲ...ဘယ်သူလဲဟာ ဒီမှာ အိပ်လို့ကောင်းနေတုန်းကို သံရည်ပူလာလောင်းနေတာ"

"အေးအေး ဆက်အိပ်နေလိုက် ဒီနေ့အပြင်မုန့်ထွက်စားမယ့်အစီစဥ်ကို ငါတို့ပဲ လုပ်လိုက်တော့မယ်။"

"အစီစဥ်? မုန့်ထွက်စားမယ်?"

ထိုစကားလုံးများအား အိပ်ချင်မူးတူးဖြင့်ရေရွတ်နေခဲ့ပြီးနောက် သတိရသွားဟန်ဖြင့်ပင် မျက်လုံးပြူးသွားလျက် ကုတင်ပေါ်မှ ကုန်းထမိလိုက်ကာမှ ကုတင်အောက်သို့ ပြုတ်ကျရတော့သည်။

"ဝုန်း...အမယ်လေးဗျ"

"ဘာဖြစ်တာလဲ? တံခါးဖွင့်စမ်း"

"ဘာမှမဖြစ်ဘူး ငါ...ငါ ကုတင်ပေါ်က ပြုတ်ကျတာ။ဖင်တောင်တော်တော်အီသွားတယ်"

"ဘာမှမဖြစ်လည်း တံခါးလာဖွင့်ဦး။နင့်ကို ရပ်စောင့်နေရတာ ငါတို့ညောင်းနေပြီ"

အခန်းရှေ့မှ အော်နေသံအား လွန်းနက္ခတ် လစ်လျူရှုလိုက်ပြီး ရှုပ်ပွပြန့်ကျဲနေသော အဝတ်တို့အား အလျင်အမြန်လိုက်သိမ်းရလေသည်။သူ့အား အနေအထိုင် မသေသပ်ဘူးဟု ဝေဖန်ခံရမည်အား နားမထောင်ချင်တာအမှန်ပင္ဖြစ်သည်။နာရီဝက္မျှ အခန်းတွင်းရှင်းလင်းပြီးနောက် မျက်နှာသစ်၊သွားတိုက်၊ရေချိုးအစရှိသည့်နံနက်ခင်းကိစ္စတို့အားပြုလုပ်ပြီးနောက် အပြာရောင်Hoodieအား ဝတ်ဆင်ကာ အောက်ဒူးပြဲဂျင်းဖြင့်တွဲဖက်ဝတ်လိုက်တော့သည်။မှန်ထဲရှိသူ့ပုံစံက ဆရာဝန်တစ်ယောက်နှင့်မတူတော့ပဲ ခေတ်လူငယ်ကဲ့သို့ စမတ်ကျကာ ကြည့်ကောင်းနေတော့သည်။

" My Husband In 1963" Where stories live. Discover now