Part - 5

141 13 5
                                    

Unicode

Part - 5

"လွန်း ဒီနေ့နင်က ညဘက်ဂျူတီကျတာလား"

"အင်း ဟုတ်တယ်။ဝိုင်တို့ကကော ဒီနေ့ပြန်ရမှာဆိုတော့ ဘယ်သွားဖို့ရှိလဲ။"

"သွားဖို့ထွေထွေထူးထူးတော့မရှိပါဘူးဟာ။ကိုသစ်ကော သွားစရာရှိလား"

"ဟင့်အင်း ကိုယ်လည်းသွားစရာမရှိဘူးဝိုင်"

"ဒါဆို အတော်ပဲ။"

"ဘာကိုအတော်ပဲလဲ?။နင်အဲ့လိုပြောလာရင် မျက်ခုံးခပ်လှုပ်လှုပ်ပဲ လွန်းနက္ခတ်"

"မမကလည်း လွန်းလေးက အကောင်းနဲ့ပြောဖို့ကို"

"ဟဲ့ ဘာကိုမမလဲ။နင့်ထက်၂လလောက်ပဲကြီးတာကို ချီးကိုမမလား"

"အေးလေး လွန်းကလဲ မသကာဆို အန်တီလောက်ပေါ့ကွာ။"

"ကိုသစ်.....ဝိုင်စိတ်ဆိုးတော့မှာနော်"

"မဆိုးပါနဲ့ကွာ စတာစတာ။"

"ဟင့်။ဒါနဲ့ လွန်းနင်ခုနကပြောမယ့်ဟာကဘာလဲ"

"ဘာရယ်မဟုတ်ပါဘူး။ငါနဲ့အတူ Otဆင်းပါလားလို့"

"ဘာ..........."

"ဟဲ့ဖြည်းဖြည်းအော်ပါဟ။ဒီမှာမွေးလူနာတွေကော ကလေးမွေးပြီးတဲ့မီးနေသည်တွေအများကြီးကို။နင့်အသံကြောင့် လိပ်ပြာလေးတွေ လွင့်ကုန်ဦးမယ်။လိပ်ပြာလေးတွေရေ ကလူကလူ"

  ဝိုင့်အော်သံက ဆေးရုံဝန်းတစ်ခုလုံးကြားမည်ဆိုရင်လည်း မှန်ပေသည်။တစ်လတွင်ရက်သုံးဆယ်ရှိပါက ဝိုင်တစ်ယောက် လွန်းနက္ခတ်နှင့်အတူ Overtimeဆင်းပေးရသည့်ရက်က ရက်နှစ်ဆယ်လောက်ပင်ရှိမည်ဖြစ်သည်မဟုတ်ပါလား။အထူးသဖြင့် မွေးရခက်သည့်လူနာများရှိပါက လွန်းက ဝိုင့်အားအမြဲတမ်းစစ်ကူခေါ်ရိုးထုံးစံပင်ဖြစ်လေသည်။ဤဆေးရုံတွင် ရုပ်ချောပြီးအပေါက်ဆိုးသည့်ခပ်ငယ်ငယ်ဆရာဝန်အားပြမည်ဆိုပါက သေချာပေါက် လွန်းနက္ခတ်နှင့်ဝိုင်တို့အား ပြရပေမည်။ကိုသစ်ကတော့ အရိုးနှင့်အကြောကုဆရာဝန်ဖြစ်သည့်အလျောက် လူနာပါးလာပါက အေးဆေးအိမ်ပြန်သွားရုံပင်။

"ဆိုတော့ ဒီနေ့မွေးမယ့်လူနာက ဘာဖြစ်လို့လဲ။"

"ဘာဖြစ်ရမလဲ ငါ့ထက်တောင် အပေါက်ဆိုးတယ်။ဒါကြောင့်နင့်ကိုစစ်ကူတောင်းတာ။"

" My Husband In 1963" Where stories live. Discover now