(Unicode)
Part : 1
*သကြင်္ န်တွင်းမို့ ပန်းပိတောက်ဝေလွင်......မြန်မာ့ယဥ်ကျေးမှုအတာရေသဘင်...တစ်ဦးပေါ်တစ်ဦးတွင် ရင်းနီးကာကျွမ်းဝင်ပုလဲငွေစင်သွန်းလောင်းကာပင်...
အတီးအမှုတ်ကခုန်ငြိမ့်ညောင်းလို့ယဥ်....ဒီနှစ်သစ်တွင် ကြည်လင်ရွှင်လန်းချမ်းမြေ့ပါစေရှင်......**သကြင်္ န်တွင်းမို့ ပန်းပိတောက်ဝေလွင်......မြန်မာ့ယဥ်ကျေးမှုအတာရေသဘင်...တစ်ဦးပေါ်တစ်ဦးတွင် ရင်းနီးကာကျွမ်းဝင်ပုလဲငွေစင်သွန်းလောင်းကာပင်...
အတီးအမှုတ်ကခုန်ငြိမ့်ညောင်းလို့ယဥ်....ဒီနှစ်သစ်တွင် ကြည်လင်ရွှင်လန်းချမ်းမြေ့ပါစေရှင်......*ရေဒီယိုကတ်စက်ဆီမှ အစပျိုးလာနေသော သကြင်္ န်သီချင်းအား ဒေါ်လေးမေ ပိတ်လိုက်လေသည်။သကြင်္ န်ကျရန် ရက်၂၀ ကျော် လိုနေသေးသော်လည်း ဤသကြင်္ န်သီချင်းများအား ရှေးတစ်ပတ်အလိုထဲက ရေဒီယိုတွင် ထုတ်လွှင့်တင်ဆက်နေကြပြီဖြစ်ပေသည်။ယခုသီချင်းသည်လည်း ဒေါ်လေးမေ နားထောင်ရသည်က လေး ငါးခါမက ပင်ဖြစ်နေကာ နားရည်ဝနေပြီဖြစ်သည်။
"တကယ်တမ်းပါအေ တစ်ခါလာလည်း ဒီသီချင်း နောက်တစ်ကျော့လာလည်း ဒီသီချင်းကြီးပဲ အလွတ်တောင်ရတော့မယ်။"
"မေကြီး ဘာတွေ ရွတ်နေတာတုန်း"
"မပြောချင်ပါဘူးရှင်။သီချင်းတွေမလဲ ဖွင့်စရာ လွှင့်စရာ ရှားကုန်ပြီထင်ပါရဲ့။ သည်သီချင်းကိုပဲ ထပ်ခါထပ်ခါ လွှင့်နေတယ်"
"ဖြစ်ရမယ် မေကြီးတော့။ဒါဖြင့် ဒီနေ့ကဘာနေ့လည်း မေ့နေတာလား".
"အို ဒီနေ့က ၂၅ရက်နေ့လေ။"
"ကျုပ်မေးတာ ဒါမဟုတ်ဘူးလေ။"
"ဒါဖြင့် ဘာလည်းရှင်။ဒီမယ်စားစရိတ်တွက်ချက်နေရတယ်။".
"ဒီနေ့က ကျုပ်တို့သား ဘိလပ်က ပြန်လာမယ့်နေ့ဗျ"
"အို ဟုတ်သားပဲ။ကျွန်မဖြင့် မေ့နေလိုက်တာ လွန်ရော။"
"သားကြိုက်တတ်တာတွေကို မေကြီးချက်ထားရဲ့လား။ကျုပ်တို့သားက မေကြီးကိုယ်တိုင်ချက်တာပဲ ကြိုက်တယ်ဆိုပဲ"
YOU ARE READING
" My Husband In 1963"
RomanceStart Date - 9/6/2022(Thu) End. Date - ....../....../.........(...........) ချစ်ခြင်းသည် ခိုင်မြဲစေသော်လည်း အမုန်းတို့သည် ဒွန်တွဲလျက်ပါေနခဲ့သည်။ကျွန်တော်ချစ်သော ဤလူသားအား အမုန်းတို့ထက် ချစ်ခြင်းတရားတို့သာ အပြည့်ဖြစ်လျက် သက်ဆုံးတိုင် ပေါင်းသင်းချင...