10

10.7K 1.1K 142
                                    

For Unicode

" ဟေး !မင်း "

စင်ပေါ်တွင် တင်ထားသော အနီရောင်ပန်းငရုတ်ပွ များကို လက်ညိုးလေးတစ်ထိုးထိုးဖြင့်
ရွေးနေသော ထယ်ယောင်းသည် အစီအစဉ်မကျလှသော နှုတ်ဆက်စကားသံတစ်ခုကို ကြားလိုက်ရတာမို့ အမြန်ပင် လှည့်ကြည့်လိုက်ရတော့သည်။

သူ့နောက်တွင်ရပ်နေသော ထိုလူမှာ အင်မတန်ကို ခန့်ညားချောမောသည်။
နက်မှောင်နေသော ဆံပင်များကို တိုကပ်အောင် ညှပ်ထားသော်လဲ သူ၏ တိရိကျနလှသော မျက်နှာကြောင့် လိုက်ဖက်နေ၏။

သို့သော် ထိုလူကို သူမသိမှာ အမှန်တကယ်ပင်ဖြစ်သောကြောင့် ထယ်ယောင်းမှာ ကိုယ့်ကိုကိုယ် လက်ညိုးထိုးရင်း ဘေးဘီသို့ ဝဲရှာ နေမိသည်။

" ဟုတ်ပါတယ်။ မင်းကို ပြောတာ "

" ကျွန်တော့်ကို သိလို့လား "

" ကိုယ် Green Palace အပန်းဖြေစခန်းရဲ့ ပါတီမှာ မင်းကို တွေ့ဖူးတယ်လေ။ ဂျွန်ဂျုံးဂုရဲ့ ပါတနာ မဟုတ်လား"

" အာ "

ထယ်ယောင်းမှာ အကြောင်းမဲ့ မျက်နှာပူသွားရကာ နားရွက်ဖျားလေးများ အလိုအလျောက်ရဲတတ်သွားသည်။

" ကြည့်ပါဦး။ မင်းက သိပ်ချစ်စရာကောင်းတာပဲ။ ဒါကြောင့်လဲ နာမည်အရမ်းကြီးတဲ့ ဂျွန်ဂျုံးဂုလို လူက တမ်းတမ်းစွဲနေတာ ဖြစ်လိမ့်မယ်....ကိုယ်အားကျလိုက်တာ "

နားထောင်နေရင်း ဒီလူ့စကားတွေက ဘောင်ကျော်လာသလို ခံစားရတာမို့ ထယ်ယောင်း၏မျက်နှာက တည်တင်းလာသည်။

အစကတော့ ဂျုံးဂုတို့ အသိုင်းအ၀န်းက လူမို့ သူသာ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံလိုက်ရင် မျက်နှာပျက်ရမည့်လူမှာ ဂျုံးဂုသာ ဖြစ်ကြောင်း သတိချပ်မိသဖြင့် ဆင်ခြင်ရန်လုပ်ပါသော်လည်း ဂျစ်ကန်ကန် ဗီဇလေးဟာ မပျောက်လေတော့ အလိုလိုပင် မျက်နှာကြောလေးတင်းသွားမိကာ

" ဒါ ကျွန်တော်တို့ ကိစ္စပါ "

ဟု မချေမငံပင် မျက်နှာကိုမော့၍ပြောလိုက်သည်။

ထိုလူက အံ့ဩသွားဟန်ဖြင့် မျက်ခုံးတွေကိုမြှောက်တတ်ရင်း ကြည့်လိုက်ပြီး တဆက်တည်းမှာပင် ပါးစပ်နား လက်သီးဆုပ်တေ့ကာ ရယ်လေသည်။

Dream KeeperWhere stories live. Discover now