14

10K 1.1K 155
                                    

For Unicode

" ကိုယ့်ကို မညာပါနဲ့ မေမေ။ ထယ်ယောင်း တကယ်မရှိတာလား "

တစ်ဖက်က ငြင်းဆိုနေသည်ကို စိတ်တိုင်းမကျစွာ ဂျုံးဂု သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး ခြောက်သွေ့နေသော နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

" ဒါဆိုလဲ ထယ်ယောင်း ဒယ်ဂူကို ရောက်လာတာပဲ ဖြစ်ဖြစ်၊ သွားတဲ့နေရာကို သိတာပဲဖြစ်ဖြစ် ကိုယ့်ကို အရင်ဆက်ပေးပါ ။ "

ဖုန်းကို ချလိုက်ပြီးနောက် ဂျုံးဂု ဆိုဖာပေါ်  ထိုင်ချလိုက်ကာ သူ၏မျက်ခုံးနှစ်ခုကြားကို လက်ဖြင့် ဖိနှိပ်လိုက်သည်။

ထိုစဉ် ချဉ်းကပ်လာသော ခြေသံနှင့်အတူ ဖန်ခွက်တစ်ခွက်ကို ကိုင်ထားသော အီသန်က သူ့အနီး တရွေ့ရွေ့လျှောက်လာတာကို မြင်လိုက်ရ၏။

" ဒယ်ဒီ ရေလေးသောက်ပါဦး "

ကမ်းပေးလာတဲ့ ဖန်ခွက်ကို လှမ်းယူလိုက်ပြီး သူ အီသန့်ကို ပြုံးပြလိုက်တယ်။

" ဒယ်ဒီက ဖေဖေ့ကို မခွဲနိုင်သလိုမျိုး ဖေဖေဟာလည်း ဒယ်ဒီ့ကို အကြာကြီးမခွဲနိုင်ပါဘူး။စိတ်မပူပါနဲ့  "

လူကြီးလေးတစ်ယောက်လို ဂျုံးဂု၏ အနားကပ်ထိုင်ကာ စကားပြောနေဟန်လေးက အသည်းယားစဖွယ် ကောင်းလွန်းတာမို့ အီသန့်ရဲ့ ပါးဖောင်းဖောင်းလေးကို လက်ဖြင့်ဖွဖွဆွဲကာ ခေါင်းညိမ့်ပြလိုက်မိတယ်။

" အီသန်....ကိုယ် သား အပေါ်မှာ သိပ်ပြီးစည်းကမ်းတင်းကြပ်လွန်းတယ်လို့ များ ထင်သလား ဟင် "

အီသန်၏တောက်ပသော မျက်၀န်းလေးများသည် လခြမ်းကွေးကလေးများနှယ် ညွတ်ကျသွားကာ ခေါင်းကိုဖြည်းဖြည်းလေးခါပြ၏။

" မထင်ပါဘူး ဒယ်ဒီ။ အီသန်ကလေ ဒယ်ဒီ့လို လူမျိုးသိပ်ဖြစ်ချင်တာပဲ။ ဒီအတွက်လည်း ပြည့်စုံနေရမယ်ဆိုတာ သိတယ်။ ဒါကြောင့် ကြိုးစားနေရတိုင်း အီသန်ပျော်နေပါတယ် Don't worry "

" အဟွန်း.....မင်းဖေဖေလိုပဲ ကိုယ့်ကို ပျော်အောင် ပြောတတ်လွန်းတယ်"

" မဟုတ်ပါဘူး။ ဒယ်ဒီက ဖေဖေ ပျော်စရာစကားတွေ မပြောလဲ ပျော်နေတာပဲ မဟုတ်ဘူးလား "

Dream KeeperWhere stories live. Discover now