15

11.3K 1.1K 237
                                    

For Unicode

" ဒါလင် မင်းပြန်လာပြီ "

ခေါ်လိုက်ပါမှ အောက်ငုံ့သွားသော မျက်နှာလေးကြောင့် ဂျုံးဂုအပြေးအလွှားပင် သွားကာ ထိုအရိပ်လေးကို နင့်နေအောင်ဖက်လိုက်၏။

သူလွမ်းနေခဲ့တဲ့ ကိုယ်သင်းနံ့လေးတွေ၊ နွေးထွေးလွန်းတဲ့ အထိအတွေ့လေးကို ခံစားရင်း သွေးကြောတွေ ပြန်လည်ချိတ်ဆက်မိစေရတယ်။

" ကိုယ့်ကို မင်းပစ်ထားတယ် ဒါလင်ရယ်"

ထယ်ယောင်း၏မျက်နှာလေးက အလင်းမှိန်မှိန်တွင် ခပ်စူစူ....

" ပစ်ထားတော့ မင်းပျော်ချိန်ရတာပေါ့။ ငါ့ကို မဖက်နဲ့ ဖယ်...စီးကရက်အနံ့တွေ "

တွန်းလွှတ်လိုက်ပေမယ့် ဂျုံးဂုကမဖယ်ပဲ ဖက်ထားကာ ဒါလင် ဟုသာတဖွဖွ နှုတ်မှ မြည်တမ်းနေသည်။

" မင်းကြောင့်ပေါ့ ဒါလင်။ မင်းမရှိရင် ကိုယ် စီးကရက်တွေ သောက်မိမှာပဲ..."

"   မင်းစကားတွေကို မယုံတော့ဘူး "

" ကျစ်....ဘာလို့လဲကွာ "

ဂျုံးဂု၏ ကိုယ်အား ထယ်ယောင်းက လက်လေးပိုက်ကာ စုန်ဆန်ကြည့်လိုက်ပြီး ခပ်ဟဟဖြစ်နေသော ရင်ဘတ်နားလေးသို့ အနံ့ခံလိုက်သည်။

" ရေမွှေးနံ့လည်း ရတယ်!!ဂျုံးဂု မင်းနော် !!"

ချက်ချင်းကျယ်လောင်သွားတဲ့ အသံလေးနဲ့ သူ့အနားပို၍ တိုးကပ်ကာ တရှုံ့ရှုံ့လုပ်နေတဲ့ ကောင်လေးကြောင့် ဂျုံးဂု ဟက်ခနဲ ရယ်လိုက်ပြီး ခါးလေးကို ဆွဲပွေ့လိုက်တယ်။

" အေး  ဒါဟာလည်း မင်းကိုယ့်ကို ပစ်ထားလို့ ဖြစ်ရတာပဲ သိရဲ့လား "

" အဲ့တာကြောင့် မင်းက...ဘာလို့မချော့လဲ "

သွယ်မြနေတဲ့ မျက်နှာရှင်းရှင်းလေးမှာ အလိုမကျဟန်နဲ့ စိတ်တင်းထားပုံလေးက လူကို ပို၍ မြတ်နိုးပေးချင်၊ယုယပေးချင်စိတ်ကို ဖြစ်ပေါ်စေတယ်။

"  ကိုယ် မှားတယ်နော်...ဟုတ်ပြီလား။ "

ထိုစကားကို ကြားမှ ထယ်ယောင်း၏ မျက်နှာလေးက ၀င့်လာကာ မျက်ခုံးတစ်ဖက်ကို ပင့်ပြလာသည်။
ဂျုံးဂုက ဟွန်းခနဲ ရယ်ကာ စင်းမြနေသော နှာတံထိပ်၀န်းလေးကို ဆွဲညှစ်လိုက်ပြီး

Dream KeeperWhere stories live. Discover now