19

10K 1K 193
                                    

သစ်ရွက်တွေကြားကနေ ဖောက်ထွင်း၀င်လာတဲ့ နေရောင်ခြည်နွေးနုနုလေးကြောင့် ထယ်ယောင်းတစ်ယောက် မျက်လုံးကို ကပျာကယာ လက်ဖြင့်ကာလိုက်ရပြီး ထရပ်လိုက်တယ်။

" ဖွား ဒီလောက်ဆို ရပြီလား "

အုတ်နီခဲ အကျိုးအကြေလေးတွေကို  နှင်းဆီပင်ငယ်တွေရဲ့ ဘေးမှာ ဝေ့ဝိုက်ကာ စီနေရင်း လက်စသတ်ကာ မေးလိုက်တော့
နံဘေးက ကွပ်ပျစ်လေးမှာ ထိုင်နေတဲ့ အဖွားက ခေါင်းညိမ့်ပြလိုက်ပြီး လက်ထဲက ဗန်းလေးကို ရှေ့ထုတ်ရင်း ထိုင်ဖို့ ပြောလိုက်တာမို့ ထယ်ယောင်းလဲ အပြေးလေး၀င်ထိုင်လိုက်တယ်။

" ထမင်းခြောက်တွေ!!"

" ကြိုက်တယ်လား သားလေးက "

" ဟုတ် သိပ်ကြိုက်တာပဲ "

ထမင်းခြောက်တစ်ဆုပ်ကို လက်နဲ့ယူလိုက်ပြီး တဂျွတ်ဂျွတ် ဝါးနေတုန်း တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသလို ခံစားရ၍ ကြည့်လိုက်တော့ အိမ်နံရံကို မှီကာ လက်ပိုက်ရပ်နေသော ဂျုံးဂုနှင့်ဆုံသည်။

" ဟင် ဂျုံးဂု  ပြီးပြီလား "

ဂျုံးဂုက ဘာမှမပြောပဲ ထယ်ယောင်းလက်ထဲက ထမင်းဆုပ်ကို ခနမျှ ကြည့်ကာ သူတို့ထိုင်နေရာ ကွပ်ပျစ်သို့ လျှောက်လာသည်။ ဒီနေ့ ထယ်ယောင်း၏ ပူဆာမှုကြောင့် ဂပ်ဒိုမှာ တွေ့ခဲ့ရတဲ့ အဖွားအိမ်ကို ပြုပြင်ပေးဖို့ လာခဲ့ကြတာဖြစ်တယ်။

ဂျုံးဂုက အိမ်အတွင်းပိုင်းကို စစ်ဆေးဖို့ အလုပ်ရှုပ်နေပြီး ထယ်ယောင်းကတော့ အပင်တွေကို စည်းရိုးခတ်ပေးလိုက် အုတ်နီခဲကာလိုက် ရေပြေးသောက်လိုက်နဲ့ ပျော်ရွှင်နေတာဖြစ်သည်။

" အိမ်က အရမ်းဟောင်းနေပြီ။ တစ်ယောက်ထဲ ဒီလို ကုန်းပြင်မြင့်မှာ နေတာဟာ သိပ်အန္တာရယ်ကြီးတယ်...အိမ်ပြောင်းချင်လား အဖွား ကိုယ်ရှာပေးမယ်လေ "

ထယ်ယောင်းနံဘေးသို့ ထိုင်ချရင်း ဂျုံးဂုကပြောလိုက်တာ ဖြစ်ပြီး ဟိုလှုပ်သည်လှုပ် လုပ်နေတဲ့ ထယ်ယောင်းရဲ့ ဒူးကို လက်နှင့်ဖိကိုင်ပြီး ငြိမ်သက်စေလိုက်၏။

မီးကိုရေနှင့် ငြိမ်းသက်လိုက်သလို ငြိမ်သက်သွားတဲ့ သူမရှေ့က ကောင်လေးကို ကြည့်ရင်း အဖွားအိုဟာ ပြုံးလိုက်မိတယ်။

Dream KeeperWhere stories live. Discover now