11

10.7K 1.2K 187
                                    

For Unicode

ဝှေ့ခနဲ ယိမ်း၍ သိမ်း၍ တိုက်ခတ်လာသော လေညှင်းသည် ဂျုံးဂု၏ ဆံပင်များကို လှပ်ကာလွင့်သွားစေပြီး ဖြူ၀င်းပြေပြစ်သော နှဖူးပြင် ကို လှစ်ဟ လာသည်။

အီသန်ကတော့ ကျောင်း၀တ်စုံအသေးစားလေးကို ၀တ်ကာ ကျောပိုးအိတ်တစ်လုံးကိုလွယ်၍ မြောက်ကြွ မြောက်ကြွ ဖြစ်နေသည်။

ဂျုံးဂုက အီသန့်အား ကြည့်ကာ ပြုံးနေရင်း သူဆုပ်ကိုင်ထားသော ထယ်ယောင်း၏ လက်ကလေးကို ငုံ့နမ်းလိုက်သည်။
မနေတတ်စွာ အတင်းရုန်းဖယ်သော်လည်း လွှတ်မပေးပဲ ကိုင်ထားသော လက်ကိုပိုမိုတင်းကြပ်စေ၏။

" တစ်ပါတ်ကြီးတောင် ခွဲရမယ်။ မင်းက ဒါလေးကိုတောင် တွန့်တိုနေသေးတာလား  ဟွန်?"

" ဟိုမှာ အီသန်ရှိနေတယ် "

" ဒါကြောင့် ဒီလက်ကလေးကိုပဲ နမ်းတာပေါ့။ ကိုယ့်အလိုအရဆို မင်းကို "

" တော် တော် တော် "

ထယ်ယောင်းက မျက်မှောင်လေးကိုကြုံ့ လက်ကလေးကို ယမ်းကာ ဂျုံးဂုကိုတားလိုက်ပြီး နေကာမျက်မှန်တစ်လက်ကို ချိတ်လိုက် တပ်လိုက် ဖြင့် အလုပ် ရှုပ်နေသော အီသန့် ကို သွားပွေ့ချီသည်။

" သား ဟိုရောက်ရင် ဆရာမတွေစကားနားထောင်ပြီး  သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ရဘူးနော် "

" သူငယ်ချင်းတော့ မဟုတ်ပါဘူး အတန်းဖော် တွေပါ....ဒါပေမယ့် ဖေဖေစိတ်ချပါ။ အီသန်က ရန်ဖြစ်ရတာ သိပ်မကြိုက်ပါဘူး "

အလွန်ကို တတ်လွန်းနေသော ထိုကလေးငယ်ကို ထယ်ယောင်းက မျက်လုံးလေးပြူးကာ မာန်မဲလိုက်ပြီး ချစ်စနိုးရယ်လိုက်သည်။

ဂျုံးဂုတစ်ယောက် ပဲရစ်ကို အလုပ်ခရီးထွက်မည့်အချိန်မှ အီသန်တို့ ကျောင်းကလည်း  လေ့လာရေးခရီးအနေဖြင့် လန်ဒန်ကို သွားရမှာဖြစ်သည်။

အစက ထယ်ယောင်းက သဘောမတူသော်လည်း ဂျုံးဂု၏ အမိန့်ပြင်းပြင်းကြောင့်သာ သည်ကလေးငယ်ကို လွှတ်လိုက်ရသည်။

မူကြိုအရွယ်ကလေးက ကရာတေး ဆော့လို့ဆော့၊ ဘာသာစကားအစုံသင်လို့သင်...ဟော အခုဆို လန်ဒန်ကိုပါ မောင်မင်းကြီးသားက ရောက်သွားတော့မည်။

Dream KeeperWhere stories live. Discover now