22

9.8K 1.1K 167
                                    

For Unicode

" အငယ်လေး ထထ "

အသာအယာဆွဲမ ခံလိုက်ရတဲ့ ဂွမ်းစောင်ထူထူက ကိုယ်ပေါ်က လစ်ဟာ သွားသည်နှင့် ချမ်းစိမ့်တဲ့ လေတွေက အလုအယက်ပြေး၀င်လာကြတယ်။

ခန်းဆီးစ ဆွဲဟလိုက်သံကိုကြားရပြီး နေရောင်ရဲ့ မိတ်ဆက်မှုမှာ ထယ်ယောင်း၏ မပွင့်လာသေးတဲ့ မျက်၀န်းလေးတွေ ပို၍ မှိတ်ကျ သွားပြီး ပါးစပ်ဖျားမှ ညည်းညူသံလေး တအီအီ ထွက်လာသည်။

" မအိပ်နဲ့တော့...ကိုကြီးတို့  ဆိုးလ်ကို အစည်းအဝေးသွားရမယ်။ မှာစရာတွေရှိလို့ ထ "

ဆတ်ခနဲ ဆွဲအထူခံရပြီးမှ ထယ်ယောင်း၏မျက်၀န်းလေးတွေ ပွင့်လာပြီး ခေါင်းကို ဖြည်းဖြည်းလေးလေး ငြိမ့်ပြလိုက်တယ်။

" မနက်စာက ပြင်ပေးပြီးသားနော်။ စားရုံပဲ...နေ့လည်စာကို မြို့ထဲမှာ တစ်ခုခုသွားစားလိုက်။ ညမနက်စေရဘူး ပြန်လာခဲ့မှာ "

" အွန်း "

" ချစ်ဖို့ကောင်းတယ်။ မုန့်ဖိုးယူထားဦးမလား "

ကိုကိုလေးက ထယ်ယောင်း၏ပါးကိုဆွဲပြီး ချစ်စနိုးပြောလိုက်ပြီး မုန့်ဖိုးထုတ်ပေးမည့်ဟန်ပြင်နေတာမို့ ခေါင်းကိုယမ်းပြလိုက်ရသည်။

တကယ်ကို ထယ်ယောင်းမှာ ထပ်အိပ်ချင်နေသေးတာ ဖြစ်၏။

" နေ့လည်ကျ မြို့ထဲသွားရင်း စွတ်ပြုတ်လေးတစ်ပွဲလောက် ၀ယ်ပြီး ဒီလိပ်စာကို သွားပေးပေးဦး..."

လက်ထဲကို ရောက်လာတဲ့ လိမ္မော်နီရောင် ကတ်ထူစလေးကို ဖမ်းဆွဲလိုက်ပြီး ညအိပ်ဘောင်းဘီအပွလေးထဲဖြစ်သလိုထိုးထည့်ရင်း သူခေါင်းညိတ်ပြလိုက်မိတယ်။ မျက်လုံးတော့မဖွင့်ဖြစ်။

နောက်တစ်ကြိမ်သူအိပ်ယာက နိုးတော့ နှင်းငွေ့လှိုင်းတွေတောင် ခပ်ကျဲကျဲ ဖြစ်နေပြီ။ ကိုကိုကြီးတို့ပြင်ပေးခဲ့တဲ့ ထမင်းကြော် လေးကို ယူစားရင်း ပြတင်းမှန်အပြင်ဘက်က မြင်ရတဲ့ ရှုမျှော်ခင်းသန့်သန့်ကိုကြည့်ကာ အကြောင်းမဲ့ မျက်ရည်က ဝဲတတ်လာတယ်။

ရင်တစ်ခုလုံးလစ်ဟာ နေရင်းနဲ့တောင် နာကျင်မှုကို ခံစားနေရသေးတာ ဟာ ဘယ်လို ဝေဒနာရယ်လို့ ဆိုရမည်လဲမသိ...။

Dream KeeperWhere stories live. Discover now