Ep - 2

728 33 0
                                    

ကျောင်းစပိတ်တည်းက သူ၏ fb accကို တိတ်တဆိတ်ရှာနေခဲ့သည်မှာ ယခုထိမတွေ့သေး။ သူငယ်ချင်းများကနေတစ်ဆင့် ရှာခိုင်းချင်သော်လည်း သူနဲ့ ပတ်သတ်တဲ့ ခံစားချက်များကို ဘယ်သူ့ကိုမှ မသိစေချင်သေးပါ။ ကိုယ့်ကိုတောင် စိတ်ထဲရှိသေးလား တွေးပြီး လောင်ရတာလည်း နေ့တိုင်းပဲ

တစ်နှစ်တာသာ ကုန်သွားတယ်၊ သူနှင့်စကား၅ခွန်းပြည့်အောင်ပင် မပြောခဲ့ရတာကို ခုမှ နောင်တရလာသလိုပဲ ။

အရင်နှစ်တွေက နွေရာသီကျောင်းပိတ်ရက်များတွင် အပျော်ဆုံးဖြစ်နေတတ်ပေမယ့် ယခုတော့​​ဖြင့် ကိုယ့်ရဲ့နွေရာသီဟာ အလွမ်းများနှင့် ပြည့်နှက်နေပြီ ။ ကျောင်းမြန်မြန်ပြန်ဖွင့်စေချင်လားဆို‌ရင်လည်း မဟုတ်ပါ ။ ကျောင်းပြန်တက်ရလည်း သူမှမရှိတော့ပဲ ။

"ပန်ပန်ရေ ပန်ပန်"

"ရှင် မေမေ"

"ခေါ်နေတာကြာပြီ ဘာလို့ ပြန်မထူးတာလဲ"

"ခုမှကြားလို့"

အစ်ကို့အကြောင်းတွေးနေတာ မေမေခေါ်နေတာတောင် မကြားမိတဲ့အထိပဲ။ ကျောင်းပိတ်ရက်ရောက်ပြီဆို အမြဲတက်ကြွနေတဲ့ကိုယ်ဟာ ခုတမှိုင်မှိုင်ဖြစ်နေတာကို မေမေက ရိပ်မိပေမယ့် ဘာမှတော့မပြောလာပါ ။

"မနက်ဖြန် သင်္ကြန်ရောက်ပြီလေ ။ အဲ့တာ မေမေနဲ့ ဥပုသ်လိုက်စောင့်မလား သမီး"

"လိုက်မယ်လေ မေမေ"

"အေး အဲ့တာဆို ဒီညစောစောအိပ်နော်။ မနက်ကျမှ မနိုးရစေနဲ့"

"ဟုတ် မေမေ"

သွားဖြီးပြပြီး ပြန်ဖြေလိုက်ရသည်။ နွေဦးမိဘတွေက အရမ်းချုပ်ချယ်တတ်တဲ့သူတွေထဲတော့မပါပါ။ ကျောင်းတက်နေလို့ ဖုန်းမကိုင်နဲ့ဆိုတာမျိူးလည်း မရှိဘူး။ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးထားပြီး နွေဦးအပေါ် အပြည့်အဝယုံကြည်ထားသည်။ ကိုယ်တိုင်ကလည်း မိဘယုံကြည်အောင် နေတာလည်း ပါတာပေါ့။

                          ///////////////

ဥပုသ်စောင့်ထားတော့ ရေဆော့လို့လည်းမရ ။ အရင်နှစ်တွေကဆို သူငယ်ချင်းတွေ အိမ်လာရင် လမ်းပေါ်ကလူတွေကို မလောင်းပဲ အချင်းချင်းပဲ ပြန်လောင်းလိုက် စလိုက်နဲ့ပဲ သင်္ကြန်က ပြီးသွားတာပဲ။  လူရှုပ်တာမကြိုက်လို့ တစ်ခါမှတော့ လျှောက်မလည်ဖူးဘူး ။

Love In Spring Where stories live. Discover now