[ မောင်သည်လည်း ကျွန်မအတွက် အိပ်မက်လေးတစ်ခုသာ ဖြစ်သည်။ အိပ်မက်ကလေး လှပခဲ့သောကြောင့် မောင့်ကို ကျွန်မ အမြဲ ကျေးဇူးတင်နေရတော့မှာပါ မောင်။ ]" သေသွားရမယ့်ကောင် အကုသိုလ်များလိုက်တာ"
ရုတ်တရက်ကြီးထဆဲလိုက်သောနွေဦးကြောင့် စာအုပ်တွေရွေးနေရင်းမှ လှည့်ကြည့်လာသည်
"ပန်း ဘာဖြစ်လို့လဲ"
"ဟီး ဘာမှမဖြစ်ဘူးအစ်ကို... စာအုပ်ဇာတ်သိမ်းခန်းကို ထပ်ဖတ်မိရင်း ဒေါသထွက်မိသွားလို့"
ရေခဲမုန့်စားပြီးတော့ အစ်ကိုရှင်းယံမှ စာအုပ်ဆိုင်ဝင်ချင်တယ်ပြောသောကြောင့် သူတို့နှစ်ယောက် စာအုပ်ဆိုင်ရောက်နေကြခြင်းပင်... စာအုပ်တွေရှိတဲ့နေရာဟာ နွေဦးအကြိုက်ဆုံးနေရာမို့ ခုလည်းစာအုပ်တွေကို မြင်မြင်ချင်း အစ်ကိုရှင်းယံကိုပါ ခဏမေ့သွားခြင်းဖြစ်သည်...
စာအုပ်ဆိုင်သွားရင် တော်တော်နှင့်မပြန်သောနွေဦးကြောင့် အိမ်က အမြဲလိုက်မပို့တတ်ပါ... သူငယ်ချင်းတွေနဲ့ သွားရင်လည်း နွေဦးကို မစောင့်နိုင်၍ စာအုပ်ဆိုင်မှာ ထားခဲ့ပြီး သူတို့ဘာသာလျှောက်လည်ကြသည်...
"ဆရာမဂျူးရဲ့ အမှတ်တရလား"
"ဟုတ်တယ်အစ်ကို ဖတ်ဖူးလို့လား"
"အင်း ဖတ်ဖူးတယ်... ပန်းရော ဖတ်ဖူးလား"
"ဖတ်ဖူးတာပေါ့... ဖတ်ပြီး အကုသိုလ်များလွန်းလို့ စာအုပ်စင်ပေါ်ကနေ နောက်တစ်ခါထပ်ကို မထိတော့တာ"
နွေဦးအပြောကို အစ်ကိုရှင်းယံကတော့ ရယ်နေသည်...
"ကိုယ်လိုချင်တဲ့ စာအုပ်တွေ့ပြီ... ပန်းရော ဘာယူအုံးမလဲ"
"အစ်ကိုယူထားတာ ဘာသာပြန်စာအုပ်လား"
"ဟုတ်တယ် Paul Kalanithiရဲ့ When breath becomes airလေ... English Bookက မနေ့ကမှဖတ်ပြီးတာ... ခုဘာသာပြန်နဲ့ ထပ်ဖတ်ကြည့်မလို့"
"အော် ခုမှသတိရတယ်... ပန်းလည်း ဂျပန်စာရေးဆရာရဲ့ If Cats Disappeared from the Worldဘာသာပြန်ဝယ်မလို့... အစ်ကိုသိလား"

YOU ARE READING
Love In Spring
Romanceအချစ်ဦးက အိမ်လေးနဲ့တူတယ်...♡︎ နေရှင်းယံ စိုင်းဘုန်းမြတ်လင်း နွေဦးပန်း