Ep - 3

702 46 10
                                    


မေမေပေးတဲ့ ပုဝါကိုယူပြီး ထွက်လာတော့ ခြံထဲက ခုံမှာ ဖေဖေနဲ့ စကားပြောနေသော သူ... ဒီရက်ပိုင်းအတွင်းမှာ ဖေဖေနဲ့ပါ ဘယ်လိုရင်းနှီးသွားလဲဆိုတာ စဉ်းစားမရပါ...သူနဲ့သာ စကား၁၀ခွန်းပြည့်အောင် မပြောဖူးပေမယ့် အခြားသူတွေနဲ့ကျ စကားလုံးတွေက ပါးစပ်ထဲကနေ ချောချောချူချူထွက်လာပုံရ၏

"ကျွန်တော်က ကျောင်းပိတ်နေတော့ နေ့တိုင်းအားပါတယ်"

"ဦးကတော့ တစ်ပတ်ကို ၂ရက်ပဲ ထိုင်ဖြစ်မှာ ကျန်တဲ့၂ရက်ကတော့ အခြားဒေါက်တာတစ်ယောက်ပဲ"

"ဟုတ်ကဲ့ဗျ"

"အရင်nurseလေးက ထွက်သွားတာ ရက်ပိုင်းပဲရှိသေးတယ်... နောက်volunteer ချက်ချင်းရှာဖို့ကျစောင့်ရအုံးမှာ ခုသားက ကူပေးမယ်ဆိုတော့ အသင့်ဖြစ်သွားတာပေါ့"

"ဟုတ်ကဲ့ဗျ...အရင်ကလည်း ကျောင်းပိတ်ရက် volunteerလုပ်ဖူးပေမယ့် ခုက ဆေးခန်းမှာဆိုတော့ အဆင်မပြေမှာဆိုးလို့"

"မပူနဲ့သား အဓိကကလူနာစာရင်းပဲ မှတ်ပေးရမှာ...အခြားဟာတွေက ဦးရော နောက်ဒေါက်တာတစ်ယောက်ရောသင်ပေးလိမ့်မယ်"

အနားရောက်တော့ ကြားလိုက်ရသည်ကဖေဖေနဲ့ နောက်ဒေါက်တာတစ်ယောက် ပေါင်းပြီးဖွင့်ထားတဲ့ အခမဲ့ဆေးခန်းအတွက် volunteer လုပ်ဖို့ပြောနေကြတဲ့ပုံပင်

"ဟို...အကို မေမေပေးခိုင်းလိုက်လို့"

မော့ကြည့်လာပြီး နှုတ်ခမ်းလှုပ်ရုံ "ကျေးဇူး" ဆိုပြီး ပြုံးပြလာသည်... ဖေဖေက နွေဦးကိုတစ်ချက်ကြည့်လာပြီး အစ်ကိုဆီအကြည့်ပြန်ရောက်သွားတော့ မလုံမလဲတောင်ဖြစ်သွားသည်

"သားကတော့ ဆေးကို ဝါသနာပါတဲ့ပုံပဲ ဟုတ်ရဲ့လား ဘယ်တက္ကသိုလ်ရွေးမယ်‌ စဉ်းစားထားလဲ သား"

"ဆေးကတော့ ဝါသနာပါပါတယ်ဦး... ဆေးတက်ဖို့ စိတ်ကူးရှိပေမယ့် အောင်စာရင်းထွက်လာမှ အမှတ်ပေါ်မူတည်တာပေါ့"

"အေးကွယ်... careerနဲ့ပါသက်ဆိုင်နေတော့ ကိုယ်ဘာဝါသနာပါလဲဆိုတာ သေချာသိပြီးရွေးမှ...ဦးသမီးဆို ခုထိ ကိုယ့်ကိုယ်ကိုယ် ဘာဝါသနာပါလဲတောင် သေချာမသိသေးဘူး"

Love In Spring Where stories live. Discover now