Ep - 5

698 33 6
                                    


သူအိပ်သွားပြီထင်၍ ညဉ့်နက်တဲ့အထိ လိုင်းသုံးနေမိသောအပြစ်ကြောင့် ခုတော့ ဖုန်းဆက်ပြီး ဆုံးမစကား‌ခြွေနေတာတွေကို နားထောင်နေရသည်...အမှန်တော့ ညတိုင်း စောစောအိပ်ဖို့ လာပြောတဲ့သူက ပေါ်မလာ၍ နွေဦးလည်း အချိန်ကို မကြည့်မိပဲ ညဉ့်နက်တဲ့အထိ လိုင်းသုံးမိခြင်းဖြစ်သည်...

"ပန်းက ခုမှ ငယ်ငယ်လေးပဲရှိသေးတာ... ခုအရွယ်မှာ စောစောအိပ်သင့်တယ်... ကိုယ်ပြောတာ ကြားရဲ့လား"

"ဟုတ် ကြားပါတယ်"

"အိပ်ရေးမဝရင် ကျောင်းမှာ စာကို သေချာအာရုံစိုက်နိုင်မှာမဟုတ်တော့ဘူး"

"ဟုတ်ကဲ့ပါ ဒါနဲ့ အစ်ကို တစ်ရေးနိုးလာလား"

"ဟုတ်တယ် ကိုယ်ဖျားနေလို့ ညနေတည်းကအိပ်နေတာ... နိုးလာတော့ ပန်းအိပ်နေပြီလား မအိပ်သေးဘူးလား လာcheckတာ"

နေမကောင်းလို့ ထင်ပါရဲ့ ကြားနေကျအသံလေးက ခပ်အက်အက်ဖြစ်နေသည်... အစ်ကိုနဲ့ နွေဦးမှာ တစ်ပတ်မှာ ၂ရက်လောက်တော့ ဖုန်းပြောဖြစ်ကြသည်မို့ နေရခက်တာမျိုးတော့ မရှိတော့ပါ...

"ဒါဆို ဂရုစိုက်ပါနော်အစ်ကို... ပန်းကိုမပူပါနဲ့ နောက်နေ့ညတွေက အစ်ကိုမပြောလည်း စောစောအိပ်ပါ့မယ်... ဒီနေ့ညက နာရီမကြည့်မိလိုက်လို့ ဟီး"

"ဟုတ်ပါပြီဗျာ... အဲ့တာဆို ပန်းဘက်က ဖုန်းအရင်ချလိုက်နော်"

ဖုန်းချဖို့လုပ်နေတဲ့အချိန် "ခဏ"ဆိုတဲ့ အသံကြားလိုက်ရတာကြောင့် ဖုန်းကို နားနဲ့ ပြန်ကပ်လိုက်ရသည်

"ခုနက ကိုယ့်ကိုယ်ကို ပန်းလို့ပြောလိုက်တာလား"

"ဟင်"

"ခုကနေစပြီး ကိုယ်နဲ့ပြောရင် အဲ့လိုပဲ သုံးတော့နော်... ကိုယ် သ‌ ဘော ကျ လို့ ... ပန်း ကို"

"ရှင်"

"ဟင်း... ပန်းဆိုတဲ့ နာမည်ကိုပြောတာပါ"

သူဘာသူပြောပြီး ရယ်နေသောအစ်ကိုရှင်းယံကြောင့် နွေဦးမှာ ဘာပြန်ပြောရမှန်းမသိပါ...ပုံမှန်အချိန်တွေ သူနဲ့ စကားပြောရင် ပေါ့ပါးနေပေမယ့် သူခုလိုတွေ ရုတ်တရက်ကြီးထပြောတိုင်း နွေဦးမှာ ဘယ်လိုတုံ့ပြန်ရမလဲမသိတော့ပဲ အရည်ပျော်ကျတော့မယ့် နေရောင်အောက်က ရေခဲတုံးလေးလိုပဲ

Love In Spring Where stories live. Discover now