အိမ်ပြန်ရောက်ရောက်ချင်း လိုင်းဖွင့်၍ friend request ထဲ Nay Shin Yan ဆိုသောနာမည်ကို လိုက်ရှာကြည့်တော့ လွန်ခဲ့တဲ့3ရက်လောက်က addထားတာကို မြင်လိုက်သည်... profileကို ဗြောင်ကြီးထားထားသောကြောင့် နွေဦးရှာတုန်းက မတွေ့ခဲ့တာပင်... accထဲ ဝင်ကြည့်တော့လည်း ဘာမှတင်ထားတာမတွေ့ရ... တကယ့်ကို low keyနေတာပဲInstagram accကို acceptလုပ်ပေးပြီး ဝင်ကြည့်လိုက်တော့ follow လုပ်ထားတာ နွေဦးတစ်ယောက်တည်းရှိသည်
ဒါကြီးက အရမ်းသိသာမနေဘူးလား !
တင်ထားသော တစ်ခုတည်းသော postကလည်း ခေါင်းစည်းကြိုးလေးတစ်ခုကို လက်မှာပတ်ထားပြီး နေရောင်အောက်မှာ လက်ကို ရိုက်ထားသောပုံလေး...မနှစ်ကတည်းက တင်ထားတာပဲ
captionဘာမှမပါသောကြောင့် ဆက်စပ်တွေးကြည့်၍မရပါ...ဆံပင်ရှည်တစ်ခါမှမထားဖူးသောကြောင့် သူ့ခေါင်းစည်းကြိုးတော့ မဖြစ်နိုင်... အတွေးထဲမျောနေတုန်း တောင်ခနဲကြားရသောအသံကြောင့် noti barကို ကြည့်လိုက်တော့ အစ်ကိုရှင်းယံ
'မနက်ကျောင်းတက်ရတော့မှာဆိုတော့ ဒီည စောစောအိပ်အုံးနော်'
အေး အဲ့တာမှ တကယ်သေတာပဲ... အစ်ကိုရှင်းယံနဲ့ Facebookမှာ friendဖြစ်သွားပြီဆိုတော့ ညဘက်ညဉ့်နက်တဲ့အထိ လိုင်းသုံးရင် ကျိန်းသေပေါက်သိမှာပင်... ခုနကကြည်နူးနေတုန်းကတော့ ဘာမှမစဉ်းစားမိပဲ ဟုတ်လို့ပြောခဲ့တာကို ခုတော့ စိတ်ညစ်သွားသည်
'ပန်း'
နောက်ထပ်စာထပ်ရောက်လာမှ noti barကနေပဲကြည့်ပြီး ဘာမှပြန်မဖြေရသေးမှန်း သတိရသွားသည်... နွေဦးတဲ့အကျင့်တစ်ခုက တစ်ခါတစ်လေ စာပြန်ရမှာပျင်းသောကြောင့် တစ်ခါမှ chat headကို မထုတ်ထားတတ်ပေ.... noti barကနေပဲ ကြည့်ပြီး အရေးကြီးမှသာ စာပြန်တတ်တဲ့သူဖြစ်သည်... ခုတော့ ပထမဆုံး chat head ထုတ်ရမယ့်သူ ပေါ်လာပြီထင်ပါရဲ့
'ဟုတ် အစ်ကို ဒီညတော့ စောစောအိပ်မှာပါ' လို့ စာပြန်လိုက်တော့ ချက်ချင်း seenဖြစ်သွားသည်... chatထဲက မထွက်ပဲစောင့်နေတဲ့ပုံပဲမို့ အကြာကြီးနေမှ စာပြန်မိတာကို အားနာမိသွားသည်
'ပုံမှန်ဆိုရင်ရော ဘယ်နနာရီအိပ်လဲ'
'အတိအကျတော့မရှိဘူးရယ် နောက်တော့ကျတယ် ဟီး' ဆိုပြီး သွားစိထားတဲ့emojiနဲ့ စာပြန်လိုက်သည်
YOU ARE READING
Love In Spring
Romanceအချစ်ဦးက အိမ်လေးနဲ့တူတယ်...♡︎ နေရှင်းယံ စိုင်းဘုန်းမြတ်လင်း နွေဦးပန်း