{ Jinju = ဂျင်းဂျူ }
Secret LOVE
Chapter 1💢
အဖြူရောင်max2ကားလေးတစ်စီးလမ်းမထက်မှာပြေးလွှားနေခဲ့တယ်...
အဲ့နေ့ကမိုးနတ်မင်းကြီးအနည်းငယ်ဒေါသထွက်နေပုံပဲ...မိုးတွေသည်း/လေတွေထန်နေပေမဲ့ ထိုအဖြူရောင်ကားလေးထဲက လူနှစ်ဦးကတော့ အချစ်မုန်တိုင်းထဲလွင့်မျောနေခဲ့ကြတယ်။
"အစ်ကို့ကို ကျွန်တော်ချစ်တယ်...
အစ်ကို့ကို ကျွန်တော်ချစ်တယ်...
အစ်ကို့ကို ကျွန်တော်ချစ်တယ်..."ကားမောင်းနေတဲ့သူ့မျက်နှာကိုတစ်စိမ့်စိမ့်ကြည့်ရင်း တူညီတဲ့စကားကို၃ကြိမ်တိတိရေရွတ်လိုက်မိတယ်၊
သူလည်းသဘောကျပုံပါပဲ ... ကျွန်တော့်ကိုငဲ့ကြည့်ပြီးပြုံးပြတယ်။ခုနလေးတင်ကပဲ အစ်ကိုကကျွန်တော့်ကိုလက်ထပ်ခွင့်တောင်းခဲ့တာလေ..
ဒီနေ့ဒီအချိန်ကိုရောက်ဖို့ ၆နှစ်တာလုံးအေးအတူပူအမျှရပ်တည်ပေးခဲ့ကြတာ...နှုတ်ကထုတ်မပြောဘဲနဲ့တောင် သူလည်းကျွန်တော့်ကိုချစ်တယ် ဆိုတာသူ့မျက်ဝန်းတွေကတဆင့်မြင်နေရတယ်။
အငြိုးနဲ့ရွာနေတဲ့မိုးကို ဂရုမစိုက်မိတော့ဘူး...
သူ့မျက်ဝန်းကအနွေးဓါတ်လေးနဲ့တင် လုံခြုံနေပီမို့၊"အစ်ကို...ရှေ့မှာ..."
ဒုန်း..💥💢
၁မိနစ်လောက်အရာအားလုံးငြိမ်သက်သွားတယ်၊
ရွာနေတဲ့မိုးတော့ မပါဘူးပေါ့။"အစ်ကို..အစ်ကို.."
၂ခါလောက်လှုပ်လိုက်ရုံနဲ့အစ်ကိုက သတိပြန်လည်လာတယ်၊
"Jimin... အဆင်ပြေရဲ့လား? ဘာဖြစ်သွားသေးလဲ?"
"ဟုတ်ကဲ့ အဆင်ပြေပါတယ်... ခါးတော့နည်းနည်းနာသွားတယ်"
"ဟုတ်လား ရရဲ့လား"
"ရပါတယ် ၊အစ်ကိုရောဘာဖြစ်သွားသေးလဲ"
"အစ်ကိုဘာမှမဖြစ်ဘူး၊ Jiminအဆင်ပြေတာသေချာရဲ့လား"
"ဟုတ်"
ကျွန်တော်ပြောတာနဲ့မလုံလောက်ဘူးထင်ပါရဲ့...
လူကိုခေါင်းအစခြေအဆုံးလိုက်စစ်ဆေးနေတာ၊
YOU ARE READING
Secret LOVE (Z+U) ~ ( Completed )
RomanceSecret LOVE (2013) { Jikook Version } 💢 Quoted from the original story 💢