Chapter 29💢

1.9K 189 11
                                    

Secret LOVE

Chapter 29💢


"မြင်တယ်နော် ... သူတို့နဲ့ငါတို့ကြားကကွာခြားချက်ဆိုတာ"

"သိတယ်"

"သိရင် Jeon Jungkook နဲ့သွားမရှုပ်စမ်းပါနဲ့"

"ဒါဆို ခင်ဗျားကရော... Min Saeyoon နဲ့ရှုပ်ထွေးမှုကိုဘယ်အချိန်ရပ်မှာလဲ? "

"ကျွန်တော့်ကိုလာပြီးစည်းရုံးတာမျိုးမလုပ်နဲ့ ... ကိုယ့်ကိုယ်ကိုသာအရင်ပြုပြင်စမ်းပါ"

"....."

"ဒါနဲ့ ကျွန်တော့်အဖွားရဲ့လက်ပတ်လေးကိုခင်ဗျားနာမည်နဲ့စာရင်းသွင်းပေးခဲ့တယ်လို့ပြောတယ်။ အစစအရာရာကံကောင်းပါစေ"

ဒါတွေအကုန် နေ့လည်တုန်းကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေ။ Kim Joonhyo က ဥက္ကဋ္ဌကြီးရဲ့အမိန့်အတိုင်း Jimin နောက်ကိုလိုက်ပြီးသတိပေးတော့ အပြန်အလှန်ပြောခဲ့တဲ့စကားတွေပေါ့။

အခုမှရောက်တတ်ရာရာပြန်စဥ်းစားမိပြီး အမှားအမှန်ဆုံးဖြတ်နေလေ၏။

........

"ဖယ်စမ်းပါ ... ဖယ်လို့ "

Saeyoon ကမူးပြီးကားမောင်းဖို့လုပ်နေတာမို့ Kim Joonhyo တစ်ယောက်ကားတံခါးကိုပိတ်ရပ်ထားသည်။

"ဖယ်လို့ပြောနေတယ်လေ ... ဖယ်!"

ငိုလည်းငိုရင်း အတင်းအကျပ်ကိုရုန်းကန်နေတဲ့အခါ...

"မင်းကို စိတ်ပူလို့ပါ"

ဒီစကားကြောင့် Saeyoon ကငြိမ်ကျသွားတယ်။ ပြီးတော့ Joonhyo ရင်ခွင်ထဲတိုးပြီးပိုလို့ငိုလေတော့၏။

တစ်ခြားသူကိုနှလုံးသားထဲထည့်ထားတဲ့မိန်းမတစ်ယောက်ကို သူ့ရင်ခွင်မှာနားခိုစေရတယ်...
တစ်ခြားသူအတွက်မျက်ရည်ကျနေတဲ့ မိန်းမကိုသူကိုယ်တိုင်နှစ်သိမ့်ပေးနေရတယ်...
ဒီမျက်ရည်တွေကသူ့အတွက်မဟုတ်မှန်းသိတာတောင် စီးဆင်းဖို့ကြိုဆိုနေရတယ် ... ဒါတွေသာဝဋ်ကြွေးလို့ဆိုခဲ့ပါလျှင်...

×××

"Park Jimin.. Park Jimin...."

အရင်တစ်ခါတုန်းကလိုပဲ Jimin ကိုလိုက်ရှာနေပြန်သည်။ သို့ပေမဲ့အရင်လိုနေရာစုံမရှာရတော့ ... သူ့အိမ်ကိုသာတန်းရောက်လာ၏။

Secret  LOVE  (Z+U) ~  ( Completed )Where stories live. Discover now