Chapter 28💢

1.8K 205 29
                                    

Secret  LOVE

Chapter 28💢


"မင်းအခုဘာလာလုပ်နေတာလဲ?"

ဟုတ်ပါတယ်။ ကျွန်တော်ဘာလာလုပ်နေမိမှန်းမသိလောက်အောင်ပါပဲ။ Jo Jaeha ဆိုတဲ့လူဆီ သူဌေးမသိအောင်လာပြီးတောင်းပန်နေတာ ... တကယ်တမ်းဒီလူက သူဌေးကိုယ်တိုင်ဒီလိုဒူးထောက်တောင်းပန်တာကိုလိုချင်တာလေ။ 

သူဌေးကပြောဖူးတယ် ... တခြားသူကိုဦးညွှတ်တာမျိုးသူမလုပ်ဖူးဘူးတဲ့! သူငယ်ချင်းဆီဒူးထောက်ရမယ်ဆိုရင် ပိုလို့ဆိုးပေလိမ့်မှာပေါ့။

"တောင်းပန်ဖို့လာခဲ့တာပါ...။ ကျွန်တော့်ကြောင့် သူဌေးနဲ့..."

"မင်းလိုလူကတောင်းပန်တာကိုငါမလိုချင်ဘူး၊ Jeon Jungkook တော်တော်သတ္တိကြောင်တာပဲ... သူမလာဘဲမင်းကိုလွှတ်လိုက်တယ်ပေါ့"

"အဲ့လိုမဟုတ်ပါဘူး။ ကျွန်တော်ဒီကိုလာတာ သူဌေးမသိပါဘူး ... တကယ်တမ်းတောင်းပန်သင့်တဲ့သူကကျွန်တော်မို့လို့ပါ အဲ့ဒါကြောင့်ကိုယ်တိုင်လာပြီးတောင်းပန်တာပါ"

"ဘာတွေလာပြောနေတာလဲ? အခုက၈၀ခုနှစ်မဟုတ်တော့ဘူး .... ya ထစမ်း!"

"....."

"ထလေ"

ဒီလူကတကယ်ကိုအရိုက်ခံသင့်တဲ့လူ။ ဒီလောက်ထိရိုင်းစိုင်းပြီးကိုယ်ချင်းစာစိတ်မရှိတာ သူဌေးထိုးခဲ့တာမှန်တယ်။

"လုပ်ငန်းအတွက်အရေးကြီးတဲ့အချက်အလက်တွေရအောင်လုပ်ပေးလို့မင်းကိုကျေးဇူးတင်ပေမဲ့ ငါ့ကိုအရှက်ခွဲထားတဲ့ Jungkook ကိုတော့ခွင့်မလွှတ်နိုင်ဘူး။ ... အမိုက်စားသတို့သမီး Saeyoon ကိုရထားတာတောင် သူ့အနားမှာနောက်ထပ်မိန်းမလှလေးတွေဝိုင်းနေတုန်းပဲ"

ဒီလူကအငုံစိတ်ဝင်နေတာပဲ!!!
သူငယ်ချင်းကိုတောင် ဒီလိုစိတ်မျိုးဖြစ်နေခဲ့တာလား?   အစကမုန်းတီးပေမဲ့ အခုတော့သနားမိသွားပြီ။

"အဲ့ဒါကိုတောင် မင်းလိုအပေါစားထုတ်ကုန်ကိုသူကဘာလို့စွဲလမ်းနေရတာလဲ? အဟွန့် ... သူ့အကြိုက်ပုံစံကတကယ်ကိုထူးခြားတာပဲ"

ဒီစကားတွေကိုသူဌေးသာကြားရင် ဒီတစ်ခါနှာခေါင်းရိုးကျိုးရုံ‌နဲ့ပြီးသွားမှာမဟုတ်လောက်ဘူး။
သူ့ဘာသာကျွန်တော့်ကို ခနဲ့ပြောဆိုပြီး သူ့ဘာသာတစ်ယောက်တည်းသဘောကျနေလေရဲ့။ သောက်လက်စ,ဗလာကျင်းနေတဲ့အရက်ခွက်ကိုကိုင်ပြီး ...

Secret  LOVE  (Z+U) ~  ( Completed )Where stories live. Discover now