Secret LOVE
Chapter 22💢
တစ်ဘဝမှာတစ်ယောက်တည်းကိုပဲချစ်ရမယ် လို့သတ်မှတ်ထားခဲ့ဖူးတယ်...
တကယ်တော့အချစ်ဆိုတာ သတ်မှတ်ထားလို့ရတဲ့အရာမဟုတ်ဘူး ...
ကျွန်တော်တို့တွေမှာ နှလုံးသားတစ်ခုတည်းရှိကြတာချင်းတူပေမဲ့ အဲ့နှလုံးသားရဲ့အတွင်းတစ်နေရာကအချစ်စွမ်းအားတွေကမတူကြပါဘူး ...ဒါက ကျွန်တော်သစ္စာဖောက်ချင်လို့ကိုယ့်ကိုယ်ကိုနှစ်သိမ့်နေတာမျိုးလည်းမဟုတ်ပြန်ဘူး၊ Jinju ကိုလည်းဘယ်တော့မှသစ္စာဖောက်ဖို့မတွေးခဲ့ဖူးပါဘူး။
ဒါပေမဲ့ ဒီကောင်လေး ...
အခုကျွန်တော့်ရှေ့မှာရောက်နေတဲ့ ဒီကောင်လေးကိုလည်း Jinju ကိုပေးခဲ့တဲ့မေတ္တာမျိုးပေးချင်နေမိတယ်။ဘယ်သူကမှထိပါးစော်ကားလို့မရအောင် ကာကွယ်ပေးချင်တယ်၊ မျက်ရည်တွေထပ်ပြီးကျစရာမလိုဘဲ အမြဲတမ်းပြုံးနေရအောင် ဖန်တီးပေးချင်တယ်၊ နာကျင်ရတာတွေခံစားရတာတွေမရှိဘဲ သူ့ဘဝလေးငြိမ်းချမ်းနေအောင် စွမ်းဆောင်ပေးချင်တယ် ... ပြီးတော့ ကျွန်တော့်နားကနေဘယ်တော့မှထွက်သွားလို့မရအောင်လည်း ပွေ့ဖက်ထားချင်မိတယ်။
ကျွန်တော်သူ့ကိုချစ်မိနေပြီထင်တယ်!
"ကူညီပေးပါ.."
Joonhyo နဲ့ပြဿနာတွေဖြစ်ပြီး Jimin က Jungkook ကိုလာရှာခဲ့တာ၊ ယုံကြည်လိုက်မှာမျိုးထိမဟုတ်ပေမဲ့ လောလောဆယ်သူစဥ်းစားမိတာက Jungkook ပဲရှိလို့ရယ်။
Jungkook ကသူ့ကိုအရမ်းမုန်းနေလို့ကူညီပေးပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ကကြီးစိုးနေတာတောင် မိုးရေထဲပြေးလွှားပြီး ဒီထိရောက်အောင်လာခဲ့တယ်။ သူ့ကိုတစ်နေကုန်ပတ်ရှာနေရလို့အိမ်ပြန်နောက်ကျနေတဲ့ Jungkook ကိုအိမ်ရှေ့မှာအကြာကြီးရပ်စောင့်နေရသေးတာ .. ။
တစ်ချိန်လုံးတွေးနေမိခဲ့တာက Jungkook ကိုပဲဖြစ်သည်။
အစ်ကို Gan ပြောတဲ့စကားကြောင့်အတွေးများလာတဲ့ Jungkook ကလည်းကားပေါ်ကဆင်းတာနဲ့ Jimin ကိုတန်းတွေ့လိုက်ရတော့ ဝမ်းနည်းဝမ်းသာ။သူရှာနေတုန်းက ဘယ်မှာမှမတွေ့ပေမဲ့ အခုသူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီ။ စိတ်ပူလွန်းလို့သေတော့မယ် ဆိုပြီးပြေးဖက်ထွေးပွေ့လိုက်ချင်ပေမဲ့ မိုးရေတွေနဲ့အတူမျက်ရည်တွေကျနေတာမြင်တော့ ရင်ထဲထပ်ပြီးမငြိမ်းချမ်းရပြန်ဘူး။
YOU ARE READING
Secret LOVE (Z+U) ~ ( Completed )
RomanceSecret LOVE (2013) { Jikook Version } 💢 Quoted from the original story 💢