Chapter 25💢

1.8K 181 14
                                    

Secret  LOVE

Chapter 25💢



"အမှုစစ်ရှေ့နေနဲ့တရားခံကချစ်သူတွေ ၊ ပြီးတော့အမှုစစ်ရှေ့နေက Kim Joonhyo  အဲဒီ့တော့ ...?"

Jungkook ကအမှုစစ်ရုံးကိုလာပြီး အမှုပြန်စစ်ဆေးပေးဖို့တောင်းဆိုနေတာ။

"အဲဒီ့တော့ အမှုကိုပြန်စစ်ဆေးပေးလို့မရဘူးလား?"

"ကိုယ်ရေးကိုယ်တာခံစားချက်ကြောင့်အငြင်းပွားစရာရှိလာမယ်ဆိုရင် အမှုစစ်ရှေ့နေကိုပြောင်းရတယ်။ ဒါပေမဲ့ ရှေ့နေKimကတရားမျှတစွာလုပ်ခဲ့တာပဲလေ .. ဥပဒေဘောင်အပြင်ကိုမရောက်ခဲ့ဘူး။ တရားခံကငြင်းဆိုပိုင်ခွင့်ရှိပေမဲ့ မလုပ်ခဲ့ဘူးလေ"

အမှုစစ်ရှေ့နေကြီးပြောတာတွေက တရားနည်းလမ်းကျပါတယ်။ ဒါပေမဲ့ အမှန်တရားတော့မဟုတ်ဘူးပေါ့...

"တရားခံကတကယ့်လူသတ်သမားမဟုတ်ဘူးဆိုရင်ရော အမှုကိုပြန်စစ်ဆေးပေးနိုင်မလား?"

"ဘာပြောလိုက်တယ် ... ဒါကအမှန်ဆိုရင်တရားရုံးတစ်ခုလုံးတုန်လှုပ်သွားနိုင်တယ်!! သက်သေအတိအကျမရှိဘဲ အဲ့လိုလုပ်လို့မရဘူး"

"......"   Jungkook ငြိမ်နေတော့

"ဘာလဲ... သက်သေရှိတာလား?"       အမှုစစ်ကြီးကပဲထပ်မေးလာတာ၊

"ရှိတယ်ဆိုရင် ဒီအမှုကိုတာဝန်ယူပေးနိုင်မလား?"

Jungkook ကတကယ်ကိုယုံကြည်ချက်ရှိရှိပြောနေတာရယ်။ ဒီကိစ္စကို Jimin ကိုယ်တိုင်ဘာမှအစဖော်တာမျိုးမလုပ်ပေမဲ့ Jungkook ကတော့အသည်းအသန်ကြိုးစားနေ၏။

ဒါကလည်း Kim Joonhyo ဆိုတဲ့လူက သူ့အပြစ်သူမသိဘဲ မောက်မာမော်ကြွားပြနေပြီး Jimin အပေါ်စော်ကားချင်တိုင်းစော်ကားနေလို့ဖြစ်သည်။

ဒီလောကမှာ Jungkook သည်းမခံနိုင်ဆုံးက Park Jimin ကိုထိပါးခြင်းပင်ဖြစ်၏။ သူ့ကိုပြောဆိုရင်တောင်ဘယ်လိုမှမခံစားရတဲ့လူငယ်လေးက တစ်စုံတစ်ယောက်ကိုတော့သူ့ကိုယ်သူထက်တန်ဖိုးထားလေ၏။

"တကယ်ပဲ တရားခံကဘယ်သူမို့လို့လဲ? ... မဟုတ်မှာလွဲရော Kim Joonhyo လက်ချက်လား!! "

×××

"Park Jimin-shi ဒါကအလုပ်နေရာပါ၊ အလုပ်ချိန်မှာယောက်ျားတွေနဲ့စကားပြောချင်တယ်ဆိုရင် အလုပ်ထွက်လိုက်ပါ။ သူဌေးကမျက်နှာသာပေးတယ်ဆိုတိုင်း လုပ်ချင်တာလုပ်လို့ရမယ်ထင်နေလား?"

Secret  LOVE  (Z+U) ~  ( Completed )Where stories live. Discover now