Secret LOVEChapter 14💢
"ဟေး... အလုပ်သမား!"
သူ့ကားကိုတွေ့တာတောင် မမြင်ချင်ယောင်ဆောင်ပြီးအထဲဝင်ဖို့လုပ်လို့ အသံကျယ်ကြီးလှမ်းအော်တာ။
ခုနက Annyok ပြောတဲ့စကားတွေကြောင့် ကျွန်တော်သူ့ကိုမယုံသင်္ကာဖြစ်နေတာ။ တကယ်ပဲ သူကလွဲပြီးဘယ်သူရှိဦးမှာလဲ?
"ဘာဖြစ်လို့နောက်ကျနေတာလဲ? ဘယ်သူနဲ့တွေ့နေတာလဲ? ဘယ်သွားနေလို့အခုမှပြန်လာတာလဲ?"
"အဲ့မေးခွန်းတွေအထိဖြေစရာလိုလို့လား"
"ဘာ?!"
"ခင်ဗျားဆီမှာအကြွေးတွေရှိတယ်ဆိုပေမဲ့ ကျွန်တော်လုပ်သမျှတိုင်းကိုတော့အစီရင်ခံစရာမလိုဘူးထင်တယ်"
"ကြည့်စမ်း ... ငါ့ကိုပြန်ပြောသွားတာတဲ့! .... "
Jimin အထဲဝင်သွားသည့်တိုင် Jungkook တစ်ယောက်အူလည်လည်လေးကျန်နေခဲ့၏။
တကယ်ပဲ Jungkook နားမလည်ဖြစ်ရလောက်တဲ့ထိ Jimin ပုံစံကပြောင်းလဲနေတာ၊ အပြောအဆိုတွေကအရမ်းရင့်သီးနေတဲ့အပြင် စကားပြောနေတဲ့တလျှောက်လည်း Jungkook ကိုလုံးဝကြည့်မသွားဘူးလေ။
ဒီကလေးကဒီလိုမှမဟုတ်တာရယ်!
ဘာကြောင့်ဆိုတာကိုမသိပေမဲ့ လောလောဆယ်တော့ဒီအနေအထားကို Jungkook လုံးဝလက်မခံနိုင်။ ရင်ထဲခံစားရခက်ပြီး တစ်ခုခုပြည့်ကျပ်သလိုဖြစ်လာတာမို့ ကားကိုသာခြေထောက်နဲ့ပြေးကန်တော့၏။
ပြန်မှမတုံ့ပြန်နိုင်တာ ကန်လည်းခံရပေဦးမှာပေါ့။
×××
"အဲ့ဒီအမှုမှာတခြားမျက်မြင်သက်သေရှိသေးလား?"
သေချာတာပေါ့!
Joonhyo တစ်ယောက်မနေနိုင်မထိုင်နိုင်နဲ့ ပြီးခဲ့တဲ့အမှုကိုလာစုံစမ်းနေတာ၊Jimin ကိုတော့ပြီးသွားခဲ့ပြီလို့ပြောခဲ့ပေမဲ့ သူကိုယ်တိုင်ကျတော့ရုန်းမထွက်နိုင်ဘူးထင်ပါ့၊
ဒီအမှုကို Jungkook ကအသည်းအသန်ပြန်စုံစမ်းနေတာမို့ တစ်ချိန်ချိန်မှာ Jimin ဖြစ်စေ၊ တခြားတစ်စုံတစ်ယောက်ကဖြစ်စေ ပြစ်မှုအမှန်သိသွားမှာကိုတော့ သူမလိုလာဘူးလေ၊
YOU ARE READING
Secret LOVE (Z+U) ~ ( Completed )
RomanceSecret LOVE (2013) { Jikook Version } 💢 Quoted from the original story 💢