Chapter 24💢

1.7K 179 19
                                    

Secret  LOVE

Chapter 24 💢


"အာ... Jaeha-ya  မင်းဘယ်မှာလဲ? ငါကမင်းကိုတောင်းပန်မလို့စောင့်နေတာ"

အစည်းအဝေးကမောင်းထုတ်ခံရပြီးနောက် Jungkook ကပြာယာခတ်နေခဲ့သည်။ Saeyoon ဆီသွားတော့လည်းလုံးဝညှိနှိုင်းလို့မရခဲ့ ... မရဆို Saeyoon ဖြစ်စေချင်တဲ့အချက်က Park Jimin ကိုသူ့အနားကနေအဝေးကိုမောင်းထုတ်ပစ်ဖို့တဲ့လေ။ ဒါကဘယ်တော့မှမဖြစ်နိုင်မဲ့ကိစ္စပဲ... Park Jimin ကအရာရာဖြစ်လာတဲ့သူ့ဘဝမှာ ဒီပကာသနတွေအတွက်စွန့်လွှတ်လိုက်ဖို့ဆိုတာ တွေးကြည့်စရာတောင်မလိုခဲ့ဘူး။

Jinju တုန်းကလည်းဒီပုံစံပဲ ... အဖေဖြစ်သူနဲ့တိုက်ခိုက်လို့ရှုံးသွားခဲ့တဲ့ပွဲဖြစ်ခဲ့ရတယ်။ အခုတော့ ဘယ်လိုအကြောင်းနဲ့မှ၊ဘယ်သူ့ကြောင့်နဲ့မှ အရှုံးခံမှာမဟုတ်တော့တဲ့ Jungkook ရယ်ပေါ့။

အခုလည်း ဟိုတလောကပြဿနာတက်ထားတဲ့သူငယ်ချင်းဖြစ်သူဆီ ဖုန်းဆက်နေတာ။ အဲ့တုန်းကတော့ Jimin ကိုစော်ကားထားတာမို့ သူအရမ်းပေါက်ကွဲပြီးအသေအလဲထိုးကြိတ်ထားတာ ... အခြေအနေကမတူတော့တဲ့အခါ....

×××

လာခဲ့ ဆိုတဲ့နေရာကိုအပြေးအလွှားရောက်လာခဲ့ပြီးမှ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသငယ်ထိပ်ရောက်ရပြန်သည်။ ဆက်သွယ်ထားတာကသူဆိုပေမဲ့ ဝိုင်းမှာထိုင်နေတာက Kim Joonhyo !!

ဒါမှမဟုတ် သူကပဲအရင်အစီအစဥ်ချထားပြန်လေသလား?

"ရှေ့နေKim ကဒီကိုဘာလာလုပ်တာလဲ?"

"ကိစ္စတွေအဆင်ပြေသွားလို့ သူငယ်ချင်းနဲ့သောက်ဖို့လာခဲ့တာလေ"

"သူငယ်ချင်း??"

နိုင်ငံရပ်ခြားပညာသင်သွားတည်းက သိကျွမ်းလာတဲ့သူမို့ Kim Joonhyo လိုလူနဲ့သူငယ်ချင်းဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ရာ၊ Jaeha က Saeyoon ထက်တောင်လူတန်းစားခွဲခြားတတ်တာ။ ပညာအရည်အချင်းဘယ်လောက်ပဲအဆင့်မြင့်နေပါစေ နောက်ခံမျိုးရိုးကအထက်တန်းမကျရင် အပေါင်းအသင်းလုံးဝမလုပ်တဲ့ကောင်။ အခုတော့ စျေးသည်မသားနဲ့သူငယ်ချင်းတဲ့လား... ဒီစကားကိုငါ့ကိုယုံစေချင်တာလား???

"မင်းကျေးဇူးနဲ့သူငယ်ချင်းကောင်းတစ်ယောက်ရလိုက်တာပဲ ... ကျေးဇူးတင်တယ်"

Secret  LOVE  (Z+U) ~  ( Completed )Where stories live. Discover now