Unicode
ဒီကလေး ဒီနေ့ ထူးဆန်းနေတာတော့သေချာတယ်၊ အခုလည်း မအိပ်သေးပဲ တစ်ဖက်လှည့်ပြီး အိပ်ချင်ယောင်ဆောင်နေတဲ့ပုံပဲ။
အ၀တ်လဲပြီးနောက် မိမိကိုကျောခိုင်းထားတဲ့ Code ဘေးနားမှာ ၀င်အိပ်လိုက်သည်။
အိပ်ခါနီးဆဲဆဲမှာပဲ ရုတ်တရတ်ကြီး ပူအိုက်လာတာကြောင့် သက်ပြင်းယဲ့ယဲ့ချလိုက်မိပြန်သည်။
'မကြာသေးခင်ကမှ ရေချိုးထားတာကို ဘာလို့ ဒီလောက်ပူနေပါလိမ့်'
သိပ်မကြာလိုက်တဲ့အချိန်အတွင်းမှာပဲ Jeff တစ်ယောက် ကိုယ့်ကိုယ်ကို မသင်္ကာတော့ပါ။ ဘောင်းဘီထဲက တစ်စုံတစ်ရာရဲ့ထောင်လွှားမှုက လိုတာထက်ပိုလာပြီး ဘေးကအကောင်ပေါက်ကလေးကို ထိတွေကိုင်တွယ်ချင်စိတ်များက ၀င်မှန်းမသိ၀င်လာတော့သည်။
အသိစိတ်တွေက Jeff ကိုယ်ထဲ ၀င်လိုက်ထွက်လိုက်ဖြစ်နေတဲ့ မကောင်းစိုးဝါး တစ်ခုသဖွယ်....... ပိုပြီးမြန်ဆန်လာတဲ့နှလုံးခုန်သံတွေကြောင့် အသက်ရှူရတာပင် ခက်ခဲလာသည်။
ဆာလောင်မွတ်သိပ်မှုတွေကို အခုမှ မဖြည့်ဆည်းရင် ရူးနှမ်းသွားတော့မည်အထိ အသွေးအသားထဲကတောင့်တလာသည်။
"P'Jeff အိပ်ပြီလားဟင်"
နားထဲက နာမည်ခေါ်သံကြားတော့ကြားလိုက်ပေမယ့် ပြန်မထူးနိုင်၊ ဘေးနားက ကွေးကွေးလေးအိပ်နေတဲ့ ခန္ဓာကိုယ်သေးသေးလေးကို ထိရနိုးနိုး မထိရနိုးနိုးနဲ့ တစ်ယောက်တည်းပျာယာခတ်နေသည်။ မိမိအသွေးအသားကို ဖြည့်ဆည်းပေးဖို့ရာ အနားမှာ ဒီရုပ်နာမ်လေးတစ်ခုပဲရှိတာကိုး။
ဘယ်လိုလုပ်ရပါ့......"P'Jeff Ngarp"
မိမိနာမည်အဆက်မပြတ်ခေါ်နေတဲ့ ထိုကလေးငယ်ဟာ မိမိ ဒီဘက်မှာဖြစ်ပျက်နေတာတွေကိုသိတောင်သိရဲ့လားမပြောတတ်၊ မိမိနာမည်ကိုသာ အဆက် မပြတ်ခေါ်နေရှာသည်။
"P'Jeff"
ထိုကလေးမှာ မိမိနာမည် တကြော်ကြော်ခေါ်ရင်းမိမိဘက်လှည့်လာချိန်မှာတော့ လွတ်ထွက်သွားတဲ့ Jeff စိတ်တွေကို မထိန်းချုပ်လိုက်နိုင်တော့ပါ။ ရုတ်တရတ် ပခုံးကနေ ဆွဲလှည့်လိုက်တာကြောင့့် လန့်ဖျတ်သွားသလားမသိ ထိုကလေးမျက်၀န်းတွေက စူးစူးစိုက်စိုက်ရှိလှသည်။
![](https://img.wattpad.com/cover/313968350-288-k22791.jpg)
YOU ARE READING
STAY
Fanfiction"လူတွေသိတဲ့ ငါက Kim.....ပြီးတော့ မင်းက Chay...... လူနည်းစုပဲသိတဲ့ငါက Jeff......ပြီးတော့မင်းက Barcode...... အဲ့နှစ်မျိုးက အပြိုင်စင်္ကြာ၀ဠာဆိုရင်တောင် ငါ့နှလံုးသားကတော့ မင်းကိုပဲ ရွေးချယ်မိမှာပဲ" - 𝗝𝗲𝗳𝗳 𝗦𝗮𝘁𝘂𝗿 "စင်္ကြာ၀ဠာတိုင်းမှာ အစ်ကို့ကိုခ...